13.10.15

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံရေး ပါတီများကို ခေါ်ယူ ပြောကြား

နိုဝင်ဘာ ၈ ရက် နေ့တွင် ပြုလုပ်မည် ဖြစ်သော ရွေးကောက်ပွဲကို
အချိန် ရွေ့ဆိုင်းရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက
ယနေ့ (အောက်တိုဘာ ၁၃ ရက်) နံနက်ပိုင်းတွင် နိုင်ငံရေးပါတီများအား
ခေါ်ယူ ဆွေးနွေးခဲ့ကြောင်း သိရသည်။


ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီ၏
လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်တွင်
ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေးပါတီ ၁၀ ပါတီကို ခေါ်ယူကာ ရေကြီး၊ မြေပြိုမှု များနှင့် သဘာဝ ဘေးအန္တရယ်များကြောင့် ရွေးကောက်ပွဲ ရွေ့ဆိုင်းရန်နှင့် မကြာခင် တရားဝင် ထုတ်ပြန်မည့် အကြောင်းကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ဖိတ်ကြားခဲ့သည့် နိုင်ငံရေးပါတီ ၁၀ ပါတီအနက် ခြောက်ပါတီ တက်ရောက်ခဲ့ပြီး ပြည်ခိုင်ဖြိုး၊ NLD၊ တစည၊ NDF၊ ရခိုင်အမျိုးသားပါတီ၊ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ တက်ရောက် ခဲ့ကြခြင်း ဖြစ်သည်။ တက်ရောက်ခဲ့သည့် ပါတီများအနက် NLD ပါတီတစ်ခုတည်းက
ရွေးကောက်ပွဲ ရွေ့ဆိုင်းမည်ကို ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲ ရွေ့ဆိုင်းရေးနှင့် ပတ်သက်သော တရားဝင်ထုတ်ပြန်ချက်ကို ယနေ့ သို့မဟုတ် မကြာခင်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရပါသည်။

Credit To >>>> Eleven Media Group

0 comments:

Post a Comment