7.7.13

မြောက်ဥက္ကလာပ မြို့နယ်ရှိ ကန်သာယာ ပန်းခြံအား ပင်လယ်တု အပန်းဖြေစခန်း ပါဝင်သော Theme Park အဖြစ် ပြုလုပ်သွားရန် လျာထား



မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ကန်သာယာ ပန်းခြံအား ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ထင်) 

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိကန်သာယာပန်းခြံအား ပင်လယ်တုအပန်းဖြေစခန်း၊ ရေလွှာ ကစားနည်းများ၊ ရေပန်းများပါဝင်သော အကြောင်းအရာတစ်ခုအပေါ်တွင်အခြေခံသည့် ဖျော်ဖြေရေး ဥယျာဉ် (Theme Park) အဖြစ် ပြုလုပ်သွားရန် လျာထားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ 

ယင်းသို့ ကန်သာယာပန်းခြံအတွင်း ပင်လယ်တုအပန်းဖြေစခန်း၊ ရေလွှာကစားနည်းများကို ယခုနှစ်ဘဏ္ဍာ ရေးနှစ်အတွင်း ပြုလုပ်ရန်လျာထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားသည်ဟု သိရသည်။ ကန်သာယာပန်းခြံသည် မြေနေရာကျယ်ဝန်းသော ပန်းခြံတစ်ခုဖြစ်ခြင်းကြောင့် ပင်လယ်တုအပန်းဖြေစခန်း များထည့်သွင်းရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ထည့်သွင်းဖြစ်ပါက မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်လာမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ကန်သာယာပန်းခြံသည် သစ်ပင်ပန်းမန်များ စိမ်းလန်းစွာ ရှိနေသည့် ပန်းခြံဝင်ကြေး ကောက်ခံသည့် ပန်းခြံတစ်ခုဖြစ်ကြောင်း၊ ပင်လယ်တု အပန်းဖြေ စခန်းများ ပြုလုပ်ရန် စီစဉ်ခြင်းကြောင့် သစ်ပင်ပန်းမန် စိမ်းလန်းမြေ ဧရိယာများ လျော့နည်းမသွားစေရန် ထိန်းသိမ်းမည်ဟု သိရသည်။ 

ရန်ကုန်မြို့တော်တွင် အပန်းဖြေဥယျာဉ်အပါအ၀င် ပန်းခြံအရေအတွက် ၅၈ ခုရှိပြီး အများပြည်သူအနားယူ အပန်းဖြေနိုင်သော ပန်းခြံအရေအတွက်မှာမူ နည်းပါးနေကာ လက်ရှိရေလွှာ ကစားနည်းများနှင့် အခြား ကစားနည်းစုံရှိသော ပန်းခြံများမှာ ပြည်သူ့ရင်ပြင်၊ မြကျွန်းသာနှင့် ရှုခင်းသာ စသည့်နေရာများသာရှိ ကြောင်း၊ ရှုခင်းသာပန်းခြံမှာလည်း လက်ရှိပြုပြင်မှုများ ပြုလုပ်နေ၍ ခေတ္တပိတ်ထားကြောင်း သိရသည်။


EMG

0 comments:

Post a Comment