11.5.16

တရုတ်စီးပွားရေး အလားအလာအပေါ် စိုးရိမ်မှုဖြစ်

ဓာတ်ပုံ - seekingalpha.com

ပြီးခဲ့တဲ့လမှာ တရုတ်နိုင်ငံက ကုန်တင်သွင်းမှုနဲ့ ကုန်တင်ပို့မှု ခန့်မှန်းခဲ့တာထက် ကျဆင်းခဲ့တဲ့အတွက် တရုတ်ရဲ့ စီးပွားရေးအလားအလာအပေါ် စိုးရိမ်မှုတွေ ထပ်ဖြစ်နေပါတယ်။

နိုင်ငံတကာကို ကုန်တင်ပို့မှုကတော့ ပြီးခဲ့တဲ့နှစ် ဧပြီလကထက် ၁ ဒသမ ၈ ရာခိုင်နှုန်း၊ ကုန်တင်သွင်းမှုကတော့ ၁၁ ရာခိုင်နှုန်းလောက် လျော့ကျခဲ့ပါတယ်။
ဒါဟာ ၁၈ လဆက်တိုက် ကျဆင်းခဲ့တာဖြစ်ပြီး ပြည်တွင်းဝယ်လိုအား လျော့နည်းနေတာကို ပြသနေတယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။
တရုတ်သွင်းကုန်နဲ့ ပို့ကုန် ကျလာတာဟာ တခြား အာရှနိုင်ငံတွေနဲ့ အလားတူ  အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ လာမယ့်နှစ်တွေအတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ပြောဆိုကြပါတယ်။
အဓိကကုန်တင်ပို့တဲ့နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကို ဧပြီလက ကုန်တင်ပို့မှု ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့် အီးယူကိုတော့ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။
Credit To >>> DVB Burmese 

0 comments:

Post a Comment