11.5.16

ရခိုင်တွင် ဆားဈေးကွက်ပျက်နေသည့်အတွက် အလုပ်သမားထောင်နှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်နေ

ရခိုင်ပြည်နယ်မှထွက်ရှိသည့် နေလှန်းဆားဈေးကွက် ပျက်နေသည့်အတွက် ဆားလုပ်ငန်းတွင် လုပ်ကိုင်နေသည့် အလုပ်သမား များ အလုပ်လက်မဲ့ဖြစ်နေကြောင်း သိရသည်။

ဆားဈေးကွက်ပျက်နေသည့်အတွက် အလုပ်လက်မဲ့ဖြစ်နေ သည့် အလုပ်သမားအရေအတွက်မှာ ထောင်ချီရှိနေပြီး ၄င်းတို့ အလုပ်အကိုင်များ ပြန်လည်ရရှိရန် အတွက် ပြည်နယ်အတွင်းအရည်အသွေး ကောင်းမွန်သည့် ဆားစက်ရုံများ တည်ဆောက်ပေးရန်လို ကြောင်း ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသန်းဝင်းက ပြောသည်။
''ဆားဈေးကွက်ပျက်ပြီး လုပ်ငန်းတွေရပ်ထားရတဲ့အတွက် အ လုပ်လုပ်နေတဲ့အလုပ်သမားတွေ အလုပ် လက်မဲ့ဖြစ်သွားပါတယ်။ သူတို့တွေပြန်ပြီးအလုပ်ရဖို့အတွက် အရည်အသွေးကောင်းမွန်တဲ့ ဆားစက်ရုံတွေ တည်ဆောက်ပေးဖို့ လိုပါတယ်''ဟု ၄င်းက ပြောသည်။
အရည်အသွေးမြင့် ဆားများ ထုတ်လုပ်နိုင်ရန်အတွက် အရင်း အနှီးများပြားသဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိသူများကိုလည်း အကူအညီတောင်းခံတင်ပြသွားရန် စီစဉ်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် မိရိုးဖလာ လုပ်ငန်းအဖြစ် လုပ်ကိုင်နေသော နေလှန်းဆားလုပ်ငန်းမှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ဈေးကွက်တစ်ခုတည်းကိုသာ အားထားနေရပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင်လည်း ဆားစက်ရုံ များပေါ်ပေါက်လာသဖြင့် ရခိုင်ပြည်နယ်မှဆားများကို တင်သွင်းမှု နည်းပါးလာနေသည်။
ရခိုင်ပြည်နယ်၏ ဆားဈေး ကွက်ပြန်လည်ကောင်းမွန်လာစေရေး အတွက် စစ်တွေမြို့တွင် ယခုလ အတွင်းက ပြည်ပမှ ပညာရှင်များ ပါဝင်သည့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ဈေးကွက်ပြန်လည် ကောင်းမွန်လာစေရေးအတွက် ဆား စက်ရုံများတည်ဆောက်၍ အရည် အသွေးမြင့်ဆားများ ထုတ်လုပ်ဖြန့် ဖြူးရန်အကြံပြုခဲ့ကြသည်။

Credit To >>> Central News Bureau

0 comments:

Post a Comment