12.5.16

ဖားကန့်ဒေသတွင် ကျောက်မျက်တူးဖော်ခွင့် ထပ်မံခွင့်မပြုတော့ဟုဆို

ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ တွင် ကျောက်မျက်တူးဖော်သည့် သတ်မှတ်လုပ်ကွက်၊ ဖော်ထုတ် လုပ်ကွက်၊ အကျိုးတူလုပ်ကွက် အသစ်များကို ကျောက်မျက် ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ထပ်မံ မချထားပေးတော့ဘဲ ကျောက်စိမ်း ရိုင်းသယံဇာတများ တူးဖော်ထုတ် လုပ်ခြင်းကို ကန့်သတ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

မေလ ၁၁ ရက်က ပြုလုပ် သည့် အမျိုးသားလွှတ်တော်အ စည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး ဦးအုန်းဝင်းက ပြော ကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နည်းဥပဒေရေးဆွဲ ထုတ်ပြန်ကာ ကျောက်မျက်ရတနာအကြီးစား၊ အလတ်စား၊ အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်များကို ကုမ္ပဏီအလိုက်လုပ်ကွက်အရေအတွက် ကန့်သတ်၍ လုပ်ကိုင်ခွင့် ချပေးထားခြင်းဖြင့် တူးဖော်မှုများကို ထိန်းချုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၀၁ တွင် သတ်မှတ်ခဲ့သော လုံးခင်း၊ ဖားကန့်ရတနာ နယ်မြေအကျယ်အ၀န်းမှာ ၁,၇၄၄,၇၅၇ ဧကရှိပြီး လက်ရှိ၌ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက်၃၀၅ ကွက်၊ ပုဂ္ဂလိကလုပ်ကွက်၇,၃၄၄ ကွက်ကို လုပ်ကိုင်ခွင့်ချထားပေးလျက်ရှိကြောင်း ၀န်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။

လုပ်ကိုင်ခွင့်ချပေးထားသည့် ဧရိယာမှာ ရတနာနယ်မြေ ဧရိယာ၏ ၁ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်သည်ဟု ဆိုသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်၏ ကြယ်ပွင့်ပြမေးခွန်းကို ပြည် ထောင်စုဝန်ကြီးက လာရောက် ဖြေကြားခဲ့ခြင်းဖြစ်သည်။

လုံးခင်း၊ ဖားကန့်ရတနာ နယ်မြေတွင် စက်ယန္တရားနှင့် မြေ သယ်ယာဉ် အရေအတွက်ကို လည်း ကန့်သတ်ထားပြီး ဖြစ် ကြောင်း ၀န်ကြီးက ပြောသည်။

၁၀ ဧကနှင့်အောက် လုပ် ကွက်များအတွက် တန် ၃၅၀ အားရှိ ဘက်ဟိုးယာဉ် ငါးစီး၊ ၁၀ ဧက အထက်မှ ၃၀ ဧကအထိ လုပ်ကွက်များအတွက် တန် ၈၄၀ အားရှိ ဘက်ဟိုးယာဉ် ၁၂ စီး၊ ဧက ၃၀ အထက် လုပ်ကွက်များ အတွက် တန် ၁,၄၀၀ အားရှိ ဘက်ဟိုးယာဉ် ၂၀ စီးသာ အသုံး ပြုရန်သတ်မှတ်ထားသည်ဟုဆို သည်။ မြေသယ်ယာဉ်များ သတ် မှတ်ထားမှုမှာ ၁၀ ဧကနှင့်အောက် လုပ်ကွက်များအတွက် တန် ၁,၄၀၀ အားရှိ မြေသယ်ယာဉ် ၂၀ စီး၊ ၁၀ ဧကအထက်မှ ၃၀ ဧကအထိ လုပ်ကွက်များအတွက် တန် ၂,၅၂၀ အားရှိ မြေသယ်ယာဉ် ၃၆ စီး၊ ဧက ၃၀ အထက် လုပ်ကွက်များအတွက် တန် ၃,၃၆၀ အားရှိ မြေသယ်ယာဉ် ၄၈ စီးသာ အသုံးပြုရန်သတ်မှတ်ထားသည်။

ထို့ပြင် ကျောက်စိမ်းတူးဖော် ရာမှ ထွက်ပေါ်လာသည့်မြေစာ များကို စနစ်တကျစွန့်ပစ်ရန် နေ ရာ ၁၂ နေရာ သတ်မှတ်ထား ပြီး စည်းကမ်းမလိုက်နာလျှင် အရေးယူမည်ဟု ပြောသည်။

‘‘ကုမ္ပဏီများက စနစ်တကျ စွန့်ပစ်မှုရှိ၊ မရှိ။ မြေစာပုံများအနီး တရားမ၀င်ပျံကျတဲများ ဆောက် လုပ်နေထိုင်ခြင်းရှိ၊ မရှိ။ မြေစာပုံ များပြိုကျမှုအန္တရာယ်ဖြစ်ပွားနိုင် ခြင်းရှိ၊ မရှိ စသည့်အခြေအနေများ ကို မြို့နယ် မြေစာစွန့်ပစ်မှုကြီး ကြပ်စစ်ဆေးရေး အဖွဲ့နဲ့ ကွင်း ဆင်းကြီးကြပ်ရေး အဖွဲ့များ ဖွဲ့ စည်းပြီး ကွင်းဆင်းစစ်ဆေးကြီး ကြပ်ဆောင်ရွက်မှာဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။

Credit To >>> 7Day Daily

0 comments:

Post a Comment