12.5.16

တပ်မတော်သတင်းစာရှင်းလင်းပွဲ မီဒီယာရွေးဖိတ်

မေ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် တပ်မတော်၏သတင်းစာရှင်းလင်းပွဲ
သို့ တက်ရောက်သတင်းယူမည့် မီဒီယာများကို ဖိတ်ကြားရာတွင် ခွဲခြားဆက်ဆံသော သဘောထားများပါဝင်နေသည်ဟု ဆိုနိုင်စရာအနေအထားကို တွေ့ရသည်။
မည်သည့်အကြောင်းအရာနှင့်ပတ်သက်ပြီးရှင်းလင်းမည်ဆိုသည်ကိုလည်း
ဖော်ပြထားခြင်းမရှိသည့်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ၂၀၁၆ ခုနှစ်
မေ ၁၁ ရက်စွဲဖြင့် ညွှန်ကြားရေးမှူးလက်မှတ်ထိုးထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အပိုဒ်၂(က)၊(ခ)နှင့်(ဂ)တို့တွင်တက်ရောက်သတင်းယူခွင့်
ရှိသည့် မီဒီယာများကို ဖော်ပြထားသည်။
(က)တွင် ပြည်ထောင်စုနေ့စဉ်၊ Democracy Today, စံတော်ချိန်၊ 7 Day Daily,Eleven,TheVoice,မန္တလေးနေ့စဉ်စသည့် နေ့စဉ်ထုတ်သတင်းစာများကို
ဖော်ပြထားသည်။
(ခ)တွင် Tomorrow, Myanmar Review, လူထုပုံရိပ်၊ လျှပ်တစ်ပြက်၊ Messenger, ပြည်မြန်မာ၊ Hot News, ဧရာဝတီ စသည့် အပတ်စဉ်ဂျာနယ်များကို ဖော်ပြထာသည်။ (ဂ)တွင် SkyNet, ကမာရွတ်၊ မဇ္ဈိမ စသည့် ရုပ်သံ မီဒီယာများကို ဖော်ပြထားသည်။
နေ့စဉ်ထုတ် သတင်းစာများကိုဖိတ်ကြားရာတွင် ပြည်တွင်းထုတ် သတင်းစာများအားလုံးကို ဖိတ်ကြားထားသည်ကို တွေ့ရသည်။
အပတ် စဉ်ထုတ်ဂျာနယ်များကိုဖိတ်ကြားရာတွင်စာဖတ်ပရိသတ်အခိုင်
အမာ ရရှိထားသည့် ဂျာနယ်များ ကျန်နေခဲ့ သို့မဟုတ် ချန်ထားခဲ့သည်ကို တွေ့ရသည်။ Myanmar Review ကဲ့သို့ ပရိသတ်အသိအမှတ်ပြုမှု သိပ်မရှိလှသည့် ဂျာနယ်တချို့ကိုပါ ထည့်သွင်းဖိတ်ကြားခဲ့သော်လည်း ပရိသတ်အခိုင်အမာရရှိထားသည့်
News Watch ၊ မြန်မာသံတော်ဆင့်၊ မြန်မာပို့စ်၊ မြန်မာပို့စ်ဂလိုဘယ်၊ ကုမုဒြာ၊ မော်ဒန်စသည့်ဂျာနယ်များကိုထည့်သွင်းဖိတ်ကြားမှုမရှိခဲ့သည်ကို
တွေ့ရသည်။
ရုပ်သံမီဒီယာများကိုဖိတ်ကြားရာတွင်လည်းတပ်မတော်၏သဘောထားရပ်တည်ချက်များကိုအစဉ်အဆက် ထောက်ပြဝေဖန်လာခဲ့သည့် ပြည့်အခြေစိုက်ရုပ်သံမီဒီယာများမှာ ချန်လှပ်ထားခြင်းခံခဲ့ရသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှတဆင့် ဖိတ်ကြားခဲ့သည့် ယခုပြုမှုမှာ မီဒီယာလောကအတွက် စိတ်ဝမ်းကွဲစရာ အနေအထားလည်းဖြစ်သည်။ တပ်မတော်၏ ထိုသို့ဖိတ်ကြားမှုနှင့်ပတ်သက်၍ မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးခင်မောင်လေး(ဖိုးသောကြာ)က ''ဖိတ်ရင် အားလုံးဖိတ်သင့်တယ်။ ရွေးပြီးဖိတ်တာကို လက်မခံဘူး''ဟု
မေ ၁၁ ရက် ည ၆ နာရီခွဲဝန်းကျင်က News Watch သို့ ပြောကြားခဲ့သည်။



Credit To >>> News Watch

0 comments:

Post a Comment