19.12.13

" ကယန်းအလှ ရုပ်ရှင်ဇာတ်ကားကို ကယန်းဒေသတွင် ပြသခဲ့ "

ပထမဆုံး အကြိမ်အဖြစ် အကယ်ဒမီ ဆန်ခါတင်စာရင်းဝင် ကယန်း အလှ ရုပ်ရှင်ကားကို ကယန်းဒေသတွင် ပြသခဲ့ကြောင်း ဒါရိုက်တာ အောင်ကိုလတ် က ပြောသည်။


ထိုသို့ သွားရောက် ပြသရခြင်းနှင့် ပတ်သက်ပြီး ဒါရိုက်တာ အောင်ကို လတ်က “ရန်ကုန်ကနေ ဒီဇင်ဘာ ၄ ရက် နေ့က ကယန်း ဌာနီကို ထွက်ခဲ့တာ ပေါ့နော်။ ဒီဇင်ဘာ ၅ ရက်နေ့ ဖယ် ခုံမြို့မှာ ရှိတဲ့ ပျိုးခင်း စာသင်ကျောင်းက ကျောင်းသား၊ ကျောင်း သူတွေကို တစ်ပွဲပြတယ်။ နောက်သူ တို့တွေရဲ့ နှစ် ၃ဝမြောက် ပြုလုပ်တဲ့ ဂျေရောဘလို ဆုတောင်းပြည့်လုဒ် မယ်တော် ဘုရားပွဲမှာ ပြတယ်။ သုံးညဆက် တိုက်ပြတယ်။ မေတ္တာနဲ့ ပြသပေးတာ။ ကယန်း တိုင်းရင်းသားတွေနဲ့ တခြား တိုင်းရင်းသား အများ အပြား လာ ရောက်ကြည့်ရှု အား ပေးကြတယ်။

သူတို့ရဲ့ ရုပ်၊သူတို့ရဲ့ ဘာသာစကားနဲ့ ဆိုတော့ အထူးအဆန်းတစ်ခု လိုဖြစ် ပြီး မျက်ရည်တောင်ကျကြတယ်။ ဒါက ယန်း တိုင်းရင်းသားတွေ ကို ပထမဆုံး အကြိမ်ပြတာ။ ရင်ခုန်သံတူညီခဲ့တယ်လို့ ပြောလို့ရတယ်။ အဓိကက တော့ ဒီကားကို ကယန်း တိုင်းရင်းသား တွေ ကြည့်ရှုနိုင်ဖို့ ကိုယ်တိုင် သွားရောက်ပြီး မေတ္တာနဲ့ပြတာပါ။ ရန်ကုန် ကို ဒီဇင်ဘာ ၉ရက်နေ့က ပြန်ရောက်တာပေါ့” ဟု ကယန်းဒေသအထိ သွား ပြီးကယန်းအလှ ဇာတ်ကားကို ပြသခဲ့သည့် အကြောင်း ပြောပြသည်။

ဖယ်ခုံ မြို့အနှစ် ၃ဝမြောက် “ဂျေရောဘလို” ဆုတောင်းပြည့်လုဒ် မယ်တော် ဘုရား ပွဲတွင် ဒါရိုက်တာ အောင်ကိုလတ်၊ J-Me ၊ အနဂ္ဂ၊ ရယ်ဂျီ၊ သားကြီးနှင့် သံသာဝင်း တို့က CCAA တီးဝိုင်းနှင့် အတူ တေးသီချင်း များစွာဖြင့်လည်း သီဆို ပေးခဲ့ကြောင်း သိရသည်။ အကယ်ဒမီ ပေးပွဲနီး လာ ပြီဖြစ်သောကြောင့် ကယန်းအလှ ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် ကြသည့် ကယန်းတိုင်း ရင်းသူများ အကယ်ဒမီ ပေးပွဲကို တက်၊ မတက် အကြောင်းကို လည်း

“အကယ်ဒမီပေးပွဲကို သူတို့လေးတွေ တက်ဖြစ်မှာပါ။ နွယ်နီဝင်း၊ ခင်မာဝင်း၊ နှင်းမိုင်၊ Rose Mary နဲ့ ဒေါ်မှုသိုး တို့ တက်ရောက်ကြမယ်။ သူတို့က ကယန်း ယူနီဖောင်းနဲ့ပေါ့နော်။ အကယ်ဒမီရခြင်း၊ မရခြင်းထက် သူတို့ဘဝ အတွက် မှတ်တိုင်သစ်တစ် ခုအနေနဲ့ ပေါ့။ သူတို့ ရန်ကုန်ကို ဒီဇင်ဘာ ၂၈ ရက်နေ့ အရောက်လာ ကြမှာပါ”ဟု ဒါရိုက်တာ အောင်ကို လတ်က ပြော သည်။

Mဘွယ်

0 comments:

Post a Comment