28.12.15

ကုမ္ပဏီများ အဆင့်သတ်မှတ်ချက်မရှိဘဲ ချေးငွေစာချုပ်များ ထုတ်ရောင်းခြင်း အရေးယူမည်ဟု ဒုဝန်ကြီးပြောကြား

ကုမ္ပဏီများက အဆင့် သတ်မှတ်ချက်မရှိဘဲ ချေးငွေစာ ချုပ်များ(Bonds)ထုတ်ရောင်းနေ ခြင်းသည် တရားမဝင် လုပ်ငန်း ဖြစ်သောကြောင့် ဥပဒေအရ အ ရေးယူမည်ဟု ဘဏ္ဍာရေးဒုဝန် ကြီးဒေါက်တာမောင်မောင်သိမ်း က ပြောသည်။

‘‘ကုမ္ပဏီကြီးတွေ ငွေချေး စာချုပ်တွေ ထုတ်ရောင်းနေတယ် လို့ကြားရတယ်။ ငွေချေးစာချုပ် ဆိုတာ အဆင့်သတ်မှတ်ချက်မရှိ ရင် ရောင်းခွင့်မရှိဘူး။ သတင်းပေးကြပါ။ ဥပဒေကြောင်းအရ အရေး ယူသွားမယ်’’ဟု ဒုဝန်ကြီးက ပြောသည်။

မြန်မာ ကုမ္ပဏီများကို ငွေ ကြေးဆိုင်ရာ အဆင့်သတ်မှတ် ချက်(Credit Rating)ပြုလုပ်သွား မည်ဖြစ်ပြီး ထိုသတ်မှတ်ချက်ရမှသာ ငွေချေးစာချုပ်များ(Bon-ds) ထုတ်ရောင်းခွင့်ရှိမည် ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော သည်။

ကုမ္ပဏီများကို အဆင့်သတ် မှတ်ချက်ပြုလုပ်ရန် လက်ရှိတွင် ကုမ္ပဏီများ၏ ငွေကြေးဆိုင်ရာ အချက်အလက်များ ထုတ်ပေး ခြင်းမရှိ၍ သတ်မှတ်ရန် ခက်ခဲနေ ရသည်ဟု ဒုဝန်ကြီးက ဆိုသည်။

ထို့ကြောင့် ကုမ္ပဏီများ၏ အချက်အလက်များကို တင်ပြနိုင် ရန် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ကုမ္ပဏီများ အဆင့် သတ်မှတ် ချက်ကို မဖြစ်မနေလုပ်ကိုင်ရမည် ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ဥပဒေများ ထုတ်ပြန်၍ အချက်အလက်များကို ရယူမည် ဖြစ် ကြောင်းနှင့် ကုမ္ပဏီများအနေဖြင့် ပြင်ပသို့ ပေါက်ကြားမည်ကို စိုးရိမ် နေကြသဖြင့် အချက်အလက်များ ကို ထုတ်ပြန်လိုခြင်း မရှိကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

Credit Rating ဆိုသည်မှာ ငွေချေးသူအနေဖြင့် ချေးငွေကို ပြန်ဆပ်နိုင်ခြေနှင့် ပြန်ဆပ်လို စိတ်ရှိ၊ မရှိ ဆန်းစစ်ပြီး သတ်မှတ် ပေးသော အဆင့်ဖြစ်ကြောင်း Citi Bank (မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီး ယားနှင့် လာအို) လက်ထောက် ဒုတိယဥက္ကဋ္ဌက ပြောသည်။

နိုင်ငံအဆင့် Credit Rating သတ်မှတ်ရရှိရန် အမေရိကန်အ ခြေစိုက်ဘဏ်နှစ်ခု Citi Group Inc နှင့် Standard Chartered ဘဏ်တို့က အကြံပေးကူညီနေ ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ချေးငွေ စာချုပ်များကို အစိုးရက ရောင်း ချနေပြီး ပြည်တွင်း ဘဏ်များက သာ အများစုဝယ်ယူနေခြင်းဖြစ် သည်။ အစိုးရငွေတိုက်စာချုပ်များ ကို ၁၉၉၃ မှ စတင်၍ ထုတ်ဝေခဲ့ ပြီး ငွေတိုက်စာချုပ်အပေါ် ပေး သော အတိုးနှုန်းနှင့်ဘဏ်အပ်ငွေ အတိုးနှုန်းကွာဟမှုကြောင့် ယင်း စာချုပ်များ ဈေးကွက်တွင် အ ရောင်းအဝယ်နည်းခဲ့သည်။

၂၀၁၆ တွင် ချေးငွေစာချုပ်ဈေးကွက်ဖြစ်တည်လာရန် ဆောင် ရွက်သွားမည်ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။


Credit To >>> 7Day News Journal

0 comments:

Post a Comment