21.12.15

စည်းကမ်းဖောက်ဖျက်သောယာဉ်များအား အီးမေးလ်စနစ်ဖြင့် ဒဏ်ကြေးငွေဆောင် နိုင်မည့် စနစ်တစ်ခုပြုလုပ် ရန် အစီအစဉ်ရှိသော် လည်း လက်ရှိ အင်တာနက်မြန်နှုန်းအရ ခက်ခဲနေဟုဆို


 ရန်ကုန်မြို့ တွင်း ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဖောက်ဖျက်မှုများနှင့်ပတ်သက် ၍ အီးမေးလ်စနစ်ဖြင့် ဒဏ်ကြေးငွေ ဆောင် နိုင်မည့်စနစ်တစ်ခု ပြုလုပ် ရန်အစီအစဉ်ရှိသော် လည်း လက်ရှိ အင်တာနက်မြန်နှုန်းအရ ခက်ခဲနေ ဆဲဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

''မနေ့က ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးပွဲမှာလည်း ဆွေးနွေးခဲ့ ပါတယ် ။ အင်တာနက်မြန်နှုန်း ၃ ဒသမ ၅ မဂ္ဂါဗိုက်လောက် ကို ရန်ကုန်၊ မန္တလေးနေ ရာ မျိုးတွေရရင် မဆိုးဘူး ပေါ့ဗျာ''ဟု အမှတ်(၂)ယာဉ်ထိန်းရဲ ရုံးမှ အကြီးတန်းရဲအရာရှိ တစ်ဦး က ပြောသည်။
ထိုကဲ့သို့အီးမေးလ်မှတစ်ဆင့် ဖြတ်တောက်ဒဏ်ကြေးဆောင်ရ သောစနစ်သာ ပြုလုပ်လာနိုင်ပါကချလန်ဖြတ်ထားသည့် စာရွက်ဖြင့် ယာဉ်ထိန်းရဲရုံးသို့ သွားရောက်အခွန် ဆောင်စရာမလိုဘဲ ၎င်းရဲတပ်ဖွဲ့မှ ချိတ်ထားမည့် ယာဉ်လိုင်စင်နံပါတ် နှင့် ဝှီးတက်များကိုကြည့်ရှုမှတ်သား ၍ စည်းကမ်း ချိုးဖောက်သူက ဒဏ် ကြေးဆောင်မဆောင်အား စစ်ဆေး နိုင်ကြောင်း သိရသည်။
''ဒါမျိုးလုပ်ပေးနိုင်ရင် ကြန့်ကြာ မှုတွေလျော့လာမယ်။ အဓိကအချိန် ပဲ။ စည်းကမ်းဖောက်ဖျက်လို့ ဒဏ် ကြေးရိုက်လို့ သွားစောင့် ရတာ အ ရမ်းပင်ပ န်း တယ်။ လူအများကြီးထဲ မှာ ကိုယ့်အလှည့်ရောက်ဖို့ကို ထိုင် စောင့်ရတဲ့ အလုပ်က ပိုဆိုးပါတယ်'' ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။
ယင်းအစီအစဉ်အတွက် ယာဉ် ထိန်းရဲတပ်ဖွဲ့ရုံးချုပ်သို့ တင်ပြထား သော် လည်း ကျင့်သုံးမည်ဟုတ်မဟုတ် ကို မသိရသေးကြောင်း သိရသည်။ သို့သော် ယင်းစနစ်ကို အာရှနိုင်ငံ အချို့နှင့် အနောက်ဥရောပနိုင်ငံများ တွင်ကျင့်သုံးမှုရှိကြောင်း သိရသည်။
''ယာဉ်ထိန်းတပ်ဖွဲ့တစ်ခု တည်း မလုပ်နိုင်ပါဘူး။ သက်ဆိုင်ရာအုပ် ချုပ်ရေးအဖွဲ့တွေနဲ့ ပြည်သူရဲ့ပူး ပေါင်းပါဝင်မှုက လိုပါတယ်။ အဓိက တော့ စည်းကမ်းလိုက်နာမှုပိုင်းက အရေးကြီးဆုံးဖြစ်ပါတယ်''ဟု ယာဉ် ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ဒီဇင်ဘာ ၁၉ ရက်၌ ပြုလုပ်သော ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် စတင်ဖွဲ့စည်း သည့် အလုပ်ရုံဆွေးနွေးပွဲတွင် လည်း ယင်းစနစ်အကြောင်း ထည့်သွင်း ကြားခဲ့ကြောင်း သိရသည်။

Credit To >>> Democracy   News

0 comments:

Post a Comment