21.12.15

ဝယ်လိုအားလျော့၍ ကျောက်စိမ်းဈေး ဆက်တိုက်ကျဆင်းနေ

 ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ ကုန်ကြမ်းရှားပါးလာ မှုနှင့် တရုတ်နိုင်ငံ၏ ၀ယ်လိုအား ကျဆင်းသွားမှုတို့ကြောင့် တစ်လ လျှင် ကျောက်စိမ်းဈေး ၂၀ ရာခိုင် နှုန်းခန့် ကျဆင်းနေကြောင်း ကျောက်စိမ်းကျောက်မျက်ရောင်း ၀ယ်ရေးလုပ်ငန်းရှင်များထံမှ သ တင်းရရှိသည်။
‘‘ကျောက်စိမ်းဈေးက တစ် လကို ၂၀ ရာခိုင်နှုန်းလောက်ကျ တယ်။
လွန်ခဲ့တဲ့ လေးလက ကျောက်စိမ်းလက်ကောက်တစ် ကွင်းကို မြန်မာငွေတစ်ထောင်ရှိ တယ်။ အခု ၇၀၀ အောက်ကို ရောက်ရှိနေပြီ’’ ဟု အောင်စည်း ဇိမ် ကျောက်စိမ်းကျောက်မျက် ရောင်းဝယ်ရေးနှင့် တူးဖော်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကြီးက ပြောသည်။
ကျောက်စိမ်းဈေး ဆက် တိုက် ကျဆင်းနေသောကြောင့် လုပ်ငန်းရှင်အများစုသည် ငွေအကျပ် အတည်းကြုံတွေ့နေရပြီး ပြည်တွင်း၌ ကျောက်စိမ်းကျောက်မျက်ပြပွဲများ မကြာခဏ ပြုလုပ်ရန် လိုအပ်ကြောင်း အထက်ပါလုပ်ငန်းရှင်က တောင်းဆိုခဲ့သည်။
တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် နှစ်က စတင်၍ ငွေကြေးခ၀ါချမှု နှင့် လာဘ်ပေးလာဘ်ယူ တိုက် ဖျက်မှု အရှိန်မြှင့်လာသောကြောင့် မြန်မာနိုင်ငံဘက်တွင် ကျောက် စိမ်း အ၀ယ်လျော့နည်းနေသည် မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
‘‘အခု ဈေးကွက်ထဲမှာ အ ရောင်းအ၀ယ်ဖြစ်နေတာ အရင် ကုန်ကြမ်းအဟောင်းတွေ၊အရည် အသွေးနိမ့် ကျောက်တွေ ကုန် ကြမ်းအ၀င်က မရှိသလောက်ပဲ’’ ဟု မန္တလေးမြို့မှ သတ္တုလုပ်ငန်း ရှင်များအသင်းဝင် ကျောက်ကုန် သည်တစ်ဦးက ပြောသည်။
နေပြည်တော်တွင် ကျင်းပ သော ပြည်တွင်းကျောက်မျက်ပြ ပွဲ၌ ကျောက်အမျိုးအစားကောင်း များပါဝင်မှုနည်းခဲ့ပြီး ရောင်းအား ကျဆင်းခဲ့ကာ အချို့ကုမ္ပဏီများ က ဈေးလျှော့ရောင်းသည် အ ထိရှိခဲ့ကြောင်း အထက်ပါကျောက်ကုန်သည်က ပြောသည်။
တရုတ်နိုင်ငံမှ ကျောက်စိမ်း ၀ယ်လိုအားသည် ယခုနှစ်အတွင်း အဆိုးရွားဆုံး ကျဆင်းလာပြီး ကျောက်စိမ်းဈေး ကျဆင်းခြင်း ကြောင့် အချောထည်လုပ်ငန်းများ ရေရှည်၌ ရပ်တည်ရန် အခက်အ ခဲရှိကြောင်း ကျောက်စိမ်းတူးဖော် သူ လုပ်ငန်းရှင်အချို့က ပြော ကြားသည်။
ဖားကန့်ဒေသတွင် သတ္တု တွင်းဝန်ကြီးဌာန တရားဝင်စာ ရင်းများအရ ကုမ္ပဏီပေါင်း ၆၀၀ ကျော်ရှိရာ ၃၀၀ ကျော်သာ လုပ် ငန်း လည်ပတ်နိုင်ပြီး အများစု သည် အစိုးရနှင့် အကျိုးတူ ပူး ပေါင်းလုပ်ကိုင်နေသည့် အင်အား ကြီး ကုမ္ပဏီကြီးများသာ လုပ်ငန်း လည်ပတ်နိုင်ကြောင်း စစ်ကိုင်း တိုင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ကြီးက ပြောသည်။
ပြည်တွင်းကုန်သည်များကို သာ အဓိကရောင်းချခဲ့သော ပြီးခဲ့ သည့်နှစ်က ကျောက်စိမ်း၊ကျောက်မျက်ရောင်းရငွေ ကျပ်သန်း တစ်သိန်းနှစ်သောင်းကျော် ရရှိခဲ့သော်လည်း ယခုနှစ် ဒီဇင်ဘာ၌ ပြုလုပ်သည့် ပြပွဲတွင်ရောင်းရငွေကျပ် သန်း ကိုးသောင်းကျော်သာ ရှိခဲ့ပြီး ကျပ်သန်းသုံးသောင်းကျော် လျော့နည်းသွားကြောင်းပြပွဲ ကျင်းပရေးကော်မတီက တရားဝင်သတင်းထုတ်ပြန်ထားသည်။

Credit To >>> 7Day News Journal

0 comments:

Post a Comment