21.12.15

ကားပါမစ် လျှောက်ထားမှု များနေ


 နှစ်သစ်တွင် မူဝါဒသစ် ဖြင့် ကားတင်သွင်းရမည်ဖြစ်သော ကြောင့် ယခုရက်ပိုင်းအတွင်းကားပါမစ် လျှောက်ထားသူ များနေကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တစ်ခုတည်းတွင်ပင် ရက်ပိုင်းအတွင်းလျှောက်ထား သည့် စောင်ရေထောင်ကျော်ရှိနေ ပြီး အရေအတွက်များပြားသော ကြောင့် ယခုလကုန်၌ပင် ပါမစ် ရရှိရန် စိုးရိမ်ရကြောင်း မော်တော် ယာဉ်တင်သွင်းရန် သွားရောက် လျှောက်ထားသူများက ပြော ကြားသည်။

‘‘ဒီနှစ်ကတော့ မူဝါဒပြောင်း လဲတာများလို့ မနှစ်ကထက် လျှောက်တဲ့လူများနေတဲ့သဘော ပါ။ အားလုံးကို ထိန်းထိန်းသိမ်း သိမ်းလေးလုပ်ဖို့ အကြံပြုချင်ပါ တယ်’’ ဟု မော်တော်ယာဉ်တင် သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချ သူများအသင်း အတွင်းရေးမှူး ကိုမျိုးဇင်ဝင်းက ပြောသည်။
၂၀၁၅ မကုန်မီ မူဝါဒ အ ဟောင်းဖြင့် လျှောက်ထားရန် ကားတင်သွင်းသူအများစုက လုပ် ဆောင်နေခြင်းဖြစ်ပြီး နိုင်ငံခြား ဘဏ်ငွေစာရင်းဖွင့်သည့် MFTB မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် တွင် ငွေစာရင်းဖွင့်ခြင်းကို ကန့် သတ်တော့မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း မော်တော်ယာဉ်တင်သွင်းသူများက ပြောကြားသည်။
တစ်ရက်လျှင် ပါမစ်လျှောက် ထားမှု စောင်ရေ ရာကျော်ရှိပြီး ပုံမှန်ထက်အနည်းငယ် မြင့်တက် လာခြင်းသာဖြစ်ပြီး တစ်ဦးချင်း တင်သွင်းခွင့် ဖရီးပါမစ်လျှောက် ထားသူ ပိုမိုများပြားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန သွင်းကုန်ဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။
 ရက်ပိုင်းအတွင်း  လာ ရောက်လျှောက်ထားသည့် စုစု ပေါင်း ပါမစ် အရေအတွက်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
၂၀၁၅ မော်တော်ယာဉ် တင်သွင်းခြင်း ပါမစ်လျှောက်ထား မှုကို ဒီဇင်ဘာ ၃၁ ရက်အထိ လက်ခံဆောင်ရွက်ပေးမည်ဖြစ် ပြီး ပြင်ပတွင်ထွက်ပေါ်နေသည့် သတင်းများအရ ဒီဇင်ဘာ ၂၄ ရက်၌ ပါမစ်လျှောက်ထားခြင်း ရပ်နားမည်ဆိုသည်မှာ မဟုတ် မှန်ကြောင်း အထက်ပါညွှန်ကြား ရေးမှူးက ပြောသည်။
၂၀၁၆ အတွက် တင်သွင်းရ မည့် မော်တော်ယာဉ်များ ထုတ် လုပ်သည့်ခုနှစ်ကို ရထားပို့ဆောင် ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန က ဒီဇင်ဘာ ၁၈ ရက်တွင် နိုင်ငံ ပိုင် သတင်းစာများ၌ ထုတ်ပြန် ထားသည်

Credit To  >>> 7Day News Journal

0 comments:

Post a Comment