5.12.15

ပြင်သစ် သမ္မတ ဟော်လန်ဒေး ပြင်သစ်လေယာဉ်တင် သင်္ဘောပေါ်သို့ ရောက်ရှိ၊ ဂျာမနီက အိုင်အက်စ်ကို တိုက်ခိုက်ရန် ပူးပေါင်း


ပြင်သစ်သမ္မတ ဟော်လန်ဒေးသည် ဆီးရီးယားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်ရှိ ပြင်သစ်နိုင်ငံ၏ လေယာဉ်တင် သင်္ဘော သို့ သွားရောက်လည်ပတ်နေချိန်တွင် ဂျာမန် ဥပဒေပြုလွှတ်တော်အမတ်များက အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်ရန် ပူးပေါင်းမည့် အစီအစဉ်ကို အတည်ပြုခဲ့ကြသည်။

ပဲရစ်မြို့တွင် လူပေါင်း ၁၃၀ ထက်မနည်းကို အိုင်အက်စ် သေနတ်သမားများက သတ်ဖြတ်ခဲ့ပြီး သီတင်းပတ် သုံးပတ်အကြာတွင် သမ္မတ ဟော်လန်ဒေးသည် ချားလ်စ် ဒီ ဂူလဲပေါ်မှာ အမှုထမ်းများအား ပြင်းထန် ရက်စက်သော တိုက်ခိုက်မှုများ ပြီးသည့်နောက် အကြမ်းဖက်မှုတိုက်ခိုက်ရေး လုပ်ငန်းစဉ်များ အောက်တွင် အကျပ်အတည်းများနှင့် အိုင်အက်စ်တို့ကို ချောင်ပိတ်မိစေမည်ဖြစ်ကြောင်း ပြောသည်။
သမ္မတက ပြင်သစ်နိုင်ငံ မြို့တော်တွင် လူများ အစုလိုက်အပြုံလိုက် အသတ်ခံရသည့်အတွက် အိုင်အက်စ်တို့ကို စစ်ကြေညာခဲ့ပြီးသည့်နောက် အဆိုပါ လေယာဉ်တင်သင်္ဘောကို မြေထဲပင်လယ် အရှေ့ပိုင်းသို့ စေလွှတ်ရန် အမိန့်ထုတ်ခဲ့သည်။
ယခုသီတင်းပတ်အတွင်း ဆီးရီးယားရှိ အိုင်အက်စ် ပစ်မှတ်များသို့ ဗုံးကြဲတိုက်ခိုက်ရန် ဗြိတိန်နိုင်ငံ ပူးပေါင်းခဲ့ ပြီးသည့်နောက် ဂျာမန် ပါလီမန်သည်လည်း ပြီးခဲ့သည့် သောကြာနေ့တွင် ထောက်လှမ်းရေး တော်နေဒို ဂျက်လေယာဉ်များ တပ်ဖြန့်ချထားရန် သဘောတူခဲ့သည်။

Credit To >>> Demcoracy News 

0 comments:

Post a Comment