18.12.15

မန္တလေးမြို့တွင် Best Western Hotels & Resorts ဟိုတယ်သစ် ဖွင့်လှစ်မည်

Best Western အဖွဲ့ဟာကမ္ဘာအကြီးဆုံး ဟိုတယ်လုပ်ငန်းစုတွေထဲကတစ်ခုဖြစ်ပြီးတော့
နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဟိုတယ်ပေါင်း ၄၀၀၀ ကျော်ရှိတာဖြစ်ပါတယ်။အခုမြန်မာနိုင်ငံမှာအသစ်ဖွင့်လှစ်မယ့် BEST WESERN PLUS Eastern Palace ဟိုတယ်ကို မြန်မာနိုင်ငံ မန္တလေးမြို့မှာ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။

ခေတ်ပေါ် ဟိုတယ်တစ်ခုဖြစ်တဲ့ BEST WESTERN PLUS Eastern Palace မှာ အခန်းပေါင်းများစွာနဲ့ အထူးအခန်းပေါင်းများစွာပါဝင်ပြီး LCD TV၊ USB ports နဲ့ Wi Fi တို့လို နောက်ဆုံးပေါ် အသုံးအဆောင်ပစ္စည်းများလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

လာရောက်တည်းခိုသူများအနေနဲ့ ပြည်တွင်း၊ ပြည်သ အစားအသောက်များကို ဟိုတယ်က ၂၄ နာရီဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်မှာစားသုံးနိုင်ပြီး ရေကူးကန်မှာလည်း အနားယူနိုင်ပါလိမ့်မယ်။

ထို့ပြင် ဟိုတယ်က လေ့ကျင့်ခန်းမများ၊ ချွေးထွက်ခန်းများတွင်လည်း အနားယူ အပန်းဖြေနိုင်တယ်လို့ သိရပါတယ်။

"Best Western ဟာ မြန်မာနိုင်ငံအတွင်းကို ပထမဆုံး ဝင်ရောက်လာတဲ့ နိုင်ငံတကာ
ဟိုတယ်အဖွဲ့ဖြစ်ပါတယ်၊ မြန်မာနိုင်ငံအတွင်း နောက်ထပ် နိုင်ငံတကာအဆင့်မီ ဟိုတယ်
တစ်ခုဖွင့်လှစ်ခွင့်ရတာ ဂုဏ်ယူမိပါတယ်"လို့ BEST WESTERN Hotels & Resorts ရဲ့ အာရှ မန်နေဂျင်း ဒါရိုက်တာ Olivier Berrivin က ပြောကြားခဲ့ပါတယ်။

Best Western Hotels & Resorts ဟာ မြန်မာနိုင်ငံအတွင်း ၂၀၁၃ ခုနှစ်
က BEST WESTERN Green Hill Hotel အမည်ဖြင့် စတင်ဝင်ရောက်
ကာ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒုတိယမြောက်ဟိုတယ်က
တော့ ရန်ကုန်မြို့ တရုတ်တန်းရှိ BEST WESTERN Chinatown Hotel
ဖြစ်ပါတယ်။

Credit To .>>> SFJ News

0 comments:

Post a Comment