18.12.15

ရန်ကုန်မြို့တွင် ပထမဆုံး ဖွင့်လှစ်မည့် ညဈေးကို အစိုးရသစ် လက်ထက် မှသာ အကောင်အထည် ဖော်နိုင်မည်


ရန်ကုန်မြို့တွင် ပထမဆုံး ဖွင့်လှစ်မည့် ညဈေးကို အစိုးရသစ် လက်ထက် မှသာ အ ကောင်အထည် ဖော်နိုင်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း ၂၀၁၄-၂၀၁၅ နှစ်ပတ်လည် အစည်းအဝေး အခမ်းအနားမှ သိရသည်။

ညဈေး အကောင်အထည် ဖော်နိုင်ရန် ၂၀၁၄ ခုနှစ် ကတည်းကပင် မြန်မာနိုင်ငံ စား သောက်ဆိုင် လုပ်ငန်းရှင်များ အသင်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ ညဈေး ဖွင့်ဖို့က ရန်ကုန် မြိုတော် စည်ပင်သာယာရေး ကော်မတီကို ခွင့်ပြုချက် တင်ထားတာ အခုချိန်ထိ ခွင့်ပြုမိန့် မရသေးတော့ လုပ်လို့ မရသေးဘူး။ အဲဒီတော့ နောက်လာမယ့် အစိုးရသစ် လက်ထက်မှာ ဆက်လက် ဆွေးနွေးသွားဖို့ ရှိတယ်” ဟု မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း မှ ဒုတိယ ဥက္ကဌ ဦးခင်အောင်ထွန်း က ဆိုသည်။
ထို့အပြင် ညဈေး ဖွင့်လှစ်မည့် နေရာသည် ယဉ်ကျေးမှု ဧရိယာနှင့် ကင်းလွတ်မည့် နေရာ၊ ပတ်ဝန်းကျင်မှ လက်ခံမည့်နေရာ နှင့် နိုင်ငံခြားသားများ အတွက်လည်း အဆင်ပြေနိုင်သည့် နေရာများကို အဓိကထား ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။
“ ညဈေး ဖွင့်မယ့် နေရာက နိုင်ငံခြားသားတွေလည်း အဆင်ပြေ ရမယ်။ ပတ်ဝန်းကျင်က လည်း ညှော်နံ့တွေ လက်ခံနိုင်တဲ့ နေရာ ဖြစ်ရမယ်။ ဖွင့်တဲ့ အခါမှာလည်း ဈေးသည်တွေကို ညအိပ်ခွင့် မပေးပါဘူး”  ဟု ၎င်းက ပြောကြားသည်။
ပထမဆုံး ညဈေး ဖွင့်ရန်  မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ စီစဉ် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ဖွင့်လှစ်ရန် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ထံမှ ကနဦး သဘောတူညီချက် ရရှိထားကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ သို့လည်း စာတင်ထားကြောင်း သိရသည်။
ညဈေး ဖွင့်လှစ်ရန် အတွက်  ရန်ကုန်မြို့တော်ဝန်၊ စည်ပင်သာယာရေး ကော်မတီ၊ ရန် ကုန် ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေး ကော်မတီ၊ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်းထားသည့် အသင်းအဖွဲ့များနှင့် အတူ ဆွေးနွေးကာ စည်းကမ်းချက်များ၊ ညွှန်ကြားချက်များ ရေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။      
“ ညဈေး ဖွင့်တယ်ဆိုရင် ညဘက်မှာ ဖွင့်တာ ဖြစ်တဲ့ အတွက် မနက်ကျရင် အမှိုက်တွေ စုပုံနေတာ မဖြစ်အောင်၊ ညစ်ပတ် မနေအောင်၊ လမ်းသွား လမ်းလာတွေ အနှောင့်အယှက် မဖြစ်ရအောင် စည်းကမ်းချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အတူ အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ပြီး အဲဒီကနေ ညွှန်ကြားချက်တွေ ထုတ်ပြန်မယ်။ အခုကလည်း စည်းကမ်းချက်တွေ အကြမ်းဖျင်းတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီထက် ပိုကောင်းတဲ့ စည်းကမ်းချက်တွေကို တခြားသော အဖွဲ့အစည်းတွေရဲ့ အမြင်နဲ့ ပူး ပေါင်းထုတ်တော့ ပိုတိကျပြီး အမှားကင်းနိုင်မှာပေါ့” ဟု ဦးခင်အောင်ထွန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ပထဆုံး အကောင်အထည်ဖော်မည့် ညဈေးသည် ညနေ ၅ နာရီမှ ည ၁၂ နာရီအထိ ဖွင့်လှစ်မည် ဖြစ်သည်။
ယင်းညဈေးတွင် ဆိုင်ခန်းပေါင်း ၁၅၀ အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး စားသောက်ဆိုင်၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်၊ စာအုပ်ဆိုင် စသည်ဖြင့်  ဆိုင်ခန်းများ စုံလင်စွာ ထည့်သွင်းသွားရန် ရည်ရွယ် ထားကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment