18.12.15

ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် Melor မုန်တိုင်းကြောင့် မြန်မာ နိုင်ငံဒေသအချို့တွင် သုံးရက်အတွင်း မိုးရွာနိုင်

ဖိလစ်ပိုင် နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့ သည့် Melor ၏ ဆက်လက်ရွေ့လျား နေသည့် လမ်းကြောင်း များ အရ မြန် မာနိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်း ဒေသများအပေါ် အကျိုးသက်ရောက် မှုများရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ဒီဇင်ဘာ ၁၇ ရက် သတင်းထုတ် ပြန်ချက်အရသိရသည်။

အဆိုပါမုန်တိုင်းသည် ဖိလစ်ပိုင် နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့ ပြီးနောက် တောင်တရုတ်ပင်လယ် ပြင်ကိုရောက်ရှိနေပြီး အပူပိုင်းမုန် တိုင်းငယ်အဖြစ်သို့ အားလျော့လျက် အနောက်တောင်ဘက် သို့ ရွေ့ လျား နေကြောင်း၊ ဆက်လက်ပြီး အနောက်- အနောက်မြောက်ဘက် သို့ ဦးတည် ရွေ့လျားလာနိုင်ခြင်းကြောင့် မြန်မာ နိုင်ငံအပေါ်တွင် အကျိုး သက်ရောက် မှုရှိလာ နိုင်ကြောင်း ၊ ဒီဇင်ဘာ ၁၇ ရက် မှ ၂၀ ရက်နေ့အထိ သုံးရက် အတွင်း မြန်မာနိုင်ငံ၏ နေရာဒေသအချို့ တွင် မုန်တိုင်း အရှိန်ကြောင့် မိုးရေ ချိန်ပမာဏများလာနိုင်ကြောင်း သိ ရသည်။

''ဒီမုန်တိုင်းရဲ့အချိန်ကတော့ မိုးနည်းနည်းပိုပါမယ်။ ပြီးတော့ ဒီဘက်ရောက် လာမယ်ဆိုရင် ထိုင်း အနီးအနားမှာ တိမ်တိုက်ကြီး တစ်ခုဖြစ် နေတာ ရှိတယ်။ အဲဒါနဲ့ပေါင်းသွား မယ်ဆိုရင်တော့ နည်းနည်းစောင့် ကြည့်ရမယ့် သဘောရှိတယ်။ လေ တိုက်နှုန်း ကတော့ ကပ္ပလီပင်လယ်ပြင် မှာ လေတိုက်နှုန်းက ၂၅ ကနေ ၃၀ လောက်တော့ရှိနိုင်တယ်။ ဘင်္ဂလား ပင်လယ်ပြင် ဘက် ကတော့ သိပ်မများ နိုင်ပါဘူး''ဟု မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူး ချုပ် ဒေါက် တာ ကျော် မိုးဦးက ပြောသည်။

မိုးရေချိန်ပမာဏများလာနိုင် သည့်ဒေသများမှာ ရှမ်းပြည်နယ်တွင် မိုးရေချိန် ပမာဏ ၁ ဒသမ ၅၀ လက် မခန့်ရရှိနိုင်ကြောင်း၊ ကယားပြည် နယ်၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ တွင် နေရာကွက်ကျားရွာသွန်းနိုင်ပြီး မိုးရေချိန် လက်မ တစ်လက်မခန့်ရရှိ နိုင်ကြောင်းသိရသည်။

လက်ရှိမြန်မာနိုင်ငံ၏ ရာသီဥတု အခြေအနေများအရထူးခြားသည့် ညအ ပူချိန် အချို့မှာ ဟားခါးမြို့တွင် ၂ ဒီဂရီစင်တီဂရိတ်၊ ပင်လောင်းမြို့ တွင် ၃ ဒီဂရီစင်တီဂရိတ်၊ ပူတာ အိုမြို့၊ နမ့်စန်မြို့နှင့် လွိုင်လင်မြို့တို့ တွင် ၅ ဒီဂရီစင် တီဂရိတ် တို့ဖြစ် ကြောင်း၊ မြိတ်မြို့နှင့် ကော့သောင်း မြို့တို့တွင် မိုးရွာသွန်း မှုများရှိနေပြီး မိုးရေချိန်လက်မ ၂ ဒသမ ဝ၅ လက် မနှင့် သုည ဒသမ ဝ၂ လက်မတို့ ဖြစ်ကြောင်းသိရသည်။

Credit To >>> Democracy News

0 comments:

Post a Comment