16.12.15

ရန်ကုန်စတော့အိတ်ချိန်းတွင် ငွေကြေးသက်သေခံလက်မှတ်များထုတ်ပေးခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင် ရာအကြံပေးခြင်း များကို KBZ Stirling Coleman ကုမ္ပဏီ ဝန်ဆောင်မှုပေးမည်

Stock
 ကမ္ဘောဇ (KBZ)လုပ်ငန်းစုနှင့် ဘဏ်လုပ်ငန်း ဆိုင် ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကော်ပို ရေးရှင်းဆိုင်ရာ အကြံပေးလုပ် ငန်း ဖြစ်သည့် Stirling Coleman လုပ် ငန်းစုတို့နှင့် ပူးပေါင်းကာ KBZ Stirling Coleman ကုမ္ပဏီအနေဖြင့် ရန်ကုန်စတော့ အိတ်ချိန်းတွင် ငွေ ကြေး သက်သေခံလက်မှတ်များ ထုတ် ပေးခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ် နှံမှု ဆိုင်ရာ အကြံပေးခြင်းများကို ဝန် ဆောင်မှုပေး သွားမည်ဖြစ်ကြောင်း သိရသည်။

KBZ Stirling Coleman က ရန်ကုန်စတော့အိတ်ချိန်းတွင် ငွေ ကြေး သက်သေခံလက်မှတ်များ ထုတ် ပေးခြင်း(Underwriting)၊ စီးပွားရေး ဆိုင်ရာ ဆက်ဆံမှုများ (Dealing)၊ တစ်ဆင့်ကြားခံ ဆောင်ရွက်မှုများ (Broking)၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးခြင်း (Investment Advisory) စသည့် ဝန်ဆောင်မှုများကိုလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ရက်က ဆူးလေရှန်ဂရီလာတွင် ပြုလုပ်သော ယင်းကုမ္ပဏီသတင်း စာရှင်းလင်းပွဲမှသိရသည်။
KBZ Stirling Coleman မှ တာဝန်ရှိသူတစ်ဦးက'' KBZSC နေနဲ့ ရန်ကုန် စတော့ဈေးကွက်မှာ ဝင်ရောက်လုပ်ဆောင်နိုင် ဖို့အတွက် ငွေကြေး သက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင်ကနေပေးတဲ့ အာမခံကြေး သတ်မှတ်ပေးသွင်းခွင့် လိုင်စင်ကို ဒီဇင်ဘာ ၇ ရက်က ရရှိ ခဲ့ပါတယ်'' ဟု ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်း/ဝယ်ခြင်းလုပ်ငန်း များတွင် ဝန်ဆောင်မှုပေးရန်အတွက် Securities ကုမ္ပဏီ (အကျိုးဆောင် ကုမ္ပဏီ) အတွက် Under Writer လိုင်စင်အတွက် ကုမ္ပဏီ ၁၀ ခုအား ရွေးချယ် ထားကြောင်းသိရသည်။
စတော့အိတ်ချိန်း အတွက် Securities ကုမ္ပဏီ (အကျိုးဆောင် ကုမ္ပဏီ) များအဖြစ် Underwriter? Bocker ၊ Dealar နှင့် Advisory အမျိုးအစား လိုင်စင်များကို ပြုလုပ် ပေးသွားမည်ဖြစ်ပြီး ယင်းလုပ်ငန်း များအတွက် ကုမ္ပဏီပေါင်း ၅၀ ကျော်မှ လျှောက်ထားခဲ့ကြောင်းသိ ရသည်။
အဆိုပါ ကုမ္ပဏီများအနေဖြင့် အာမခံကြေးအနေဖြင့် ကျပ် ၁၅ ဘီလီယံ သတ်မှတ်ထားပြီး လိုအပ် သည့် စက်ပိုင်းဆိုင်ရာပြင်ဆင်မှုများ ကို ဆောင်ရွက်နိုင်ရန်အတွက် KBZ Stirling Coleman Securities ကုမ္ပဏီသည် ရန်ကုန်စတော့အိတ် ချိန်းအတွက် လိုင်စင်အမှတ် -၀၀၁ ဖြင့် ပထမဆုံး Under Writer လိုင်စင် ရရှိသည့် Securities ကုမ္ပဏီဖြစ်သည်။
ဒီဇင်ဘာ ၉ ရက်ကို ဖွင့်လှစ် ခဲ့ပြီး စတော့အိတ်ချိန်းတွင် ရှယ် ယာရောင်းချမည့် အများပိုင်ကုမ္ပဏီ များအဖြစ် First Myanmar In-vestment Co., Ltd. ၊ First Private Bank Ltd. ၊ Great Howkhan Public Co., Ltd. ၊ Myanmar Agri- Business Public Corporation ၊ Myanmar Citizen Bank Ltd. ၊ Myanmar Thilawa SEZ Holding ကုမ္ပဏီတို့အား ရွေးချယ်ထား ကြောင်း သိရသည်။
လက်ရှိ စတော့၊ ရှယ်ယာများ စတင်ရောင်းချရန်အတွက် အများ ပိုင်ကုမ္ပဏီ များနှင့် Securities ကုမ္ပဏီ (အကျိုးဆောင် ကုမ္ပဏီ)များ အကြား ချိတ်ဆက် မှုများ အတွက် စည်းမျဉ်း၊ စည်းကမ်း လိုအပ်ချက် များ၊ သတ်မှတ် ချက်များ ကိုရေးဆွဲ နေပြီး ရှယ်ယာများကို ဖေဖော်ဝါရီလ ကုန်၊ မတ်လဆန်း ပိုင်းမှသာ စတင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရ သည်။

Credit To >>> Democracy News 

0 comments:

Post a Comment