16.12.15

အတုမပြုလုပ်နိုင်ရန် ယာဉ်မောင်းလိုင်စင်တွင် လုံခြုံရေးအဆင့်မြင့်သည့် Chip ပြားထည့်သွင်းမည်

ယာဉ် မောင်းလိုင်စင်ကို အတုမပြုလုပ်နိုင်ရန် လုံခြုံရေးအဆင့်မြင့်သည့် Chip ပြားကို လိုင်စင်ကတ်ထဲတွင် ထည့်သွင်းသည့်စနစ်ကို ဇန်နဝါရီလအ တွင်း စမ်းသပ်အသုံးပြုသွားမည်ဖြစ် ကြောင်း ကညန(နေပြည်တော်)ရုံး ချုပ်မှသိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းမှာလိုင်စင်အတုများဖြင့် ယာဉ်များကိုမောင်းနှင်မှုများပြားလာခြင်း ကြောင့် လိုင်စင်လုံခြုံရေးအတွက် အဆင့်မြှင့်တင်ခြင်းဖြစ်ပြီး ရဲမှူးများ လိုင်စင်အတုအစစ် စစ်ဆေးရာတွင် မိုဘိုင်းဖုန်းဖြင့် လွယ်လွယ်ကူကူစစ် ဆေးနိုင်ရန် ရည်ရွယ်ပြီးဆောင်ရွက် ရခြင်းဖြစ်ကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုးဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ ဦလျှန်ကျင့်မာန်က''သာမန်အား ဖြင့် အတုနှင့်အစစ်ကို ခွဲခြားလို့ မလွယ်ပါဘူး၊ Chip ပြားက ကတ် အတွင်းမှာဆိုတော့ အတုလုပ်ဖို့မလွယ် ပါဘူး၊ လက်ရှိမှာတော့ UV Pointer နဲ့စစ်ဆေးနိုင်တဲ့ အဆင့်ပဲရှိပါသေး တယ်၊ တစ်နိုင်ငံလုံးအသုံးပြုနိုင်ဖို့အတွက်တော့ ဆက်လက်ဆောင်ရွက် သွားမှာပါ''ဟုပြောသည်။
ယာဉ်မောင်းလိုင်စင်ယာဉ်အ တု၊ အစစ်ခွဲခြားနိုင်ရန် ယာဉ်ထိန်း ရဲများ၏ မိုဘိုင်းဖုန်းများတွင်အစစ်၊ အတုစစ်ဆေးနိုင်တဲ့ ဆော့ဝဲလ်များထည့်သွင်းပေးထားမည် ဖြစ်ကြောင်း သိရသည်။
Chip ပြားထည့်သည့်စနစ်ကို အသုံးပြုနိုင်ရန် သက်ဆိုင်ရာကုမ္ပဏီ နှင့်ဆွေးနွေးလျက်ရှိပြီးယာဉ်မောင်း လိုင်စင်ထုတ်ပေးရာတွင်လည်းတင်း ကျပ်စွာ စိစစ်လျက်ရှိကြောင်း သိရ သည်။
ယာဉ်မောင်းလိုင်စင်ထုတ်ပေး ရာတွင်လည်းစာတွေ့၊ လူတွေ့စစ်ဆေး ရုံသာမက လက်တွေ့မောင်းနှင်မှု များဖြင့် စစ်ဆေးပြီး (ကညန) ရန်ကုန်တိုင်းဦးစီးအရာရှိ၏ အသိ အမှတ် ခွင့်ပြုချက်လက်မှတ်ပါရှိမှ သာ ခရီးသည်တင်ယာဉ်များကိုမောင်း နှင်ခွင့်ပြုမည်ဖြစ်သည်။

Credit To >>>> ပြည်တွင်းသတင်းနှင့်နိုင်ငံတကာသတင်းများ

0 comments:

Post a Comment