8.12.15

စပိန်ရတနာ သင်္ဘောကို ကိုလံဘီယာတို့ တွေ့ရှိခဲ့ပြီး နှစ် ၃၀၀ ကျော် ပဟေဠိ အဆုံးသတ်


ရွှေ၊ ငွေနှင့် ကျောက်သံပတ္တမြားတို့ အပြည့်တင်ဆောင်ခဲ့သော စပိန်သင်္ဘောပျက်ကို တွေ့ရှိထားကြောင်း ကိုလံဘီယာက ပြောကြားခဲ့ရာ ကာရစ်ဘီယံတွင် ဗြိတိန်တို့က နှစ်မြှုပ်ခဲ့သော ယင်းသင်္ဘောပျက်ကို နှစ် ၃၀၀ အကြာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“လူ့သမိုင်းမှာ တန်ဖိုးအရှိဆုံး ရတနာသိုက် သင်္ဘောကို တွေ့ရှိထားပြီဖြစ်ပါတယ်”ဟု ကိုလံဘီယာ သမ္မတ ဟွမ်မန်နျူယယ်ဆန်းတို့စ်က ပြောကြားခဲ့သည်။ သိုက်သင်္ဘော ရှာဖွေသူများသည် ယင်းသင်္ဘောကို ရှာဖွေနေကြသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည်။ ဒေါ်လာနှစ်ဘီလျံဖိုးခန့် တန်ဖိုးရှိသော ရတနာ များတင်ဆောင်ခဲ့သည့် ဆန်ဟိုဆေး သင်္ဘောသည် ၁၇၀၈ ခုနှစ် ဇွန်လက ကိုလံဘီယာ၏ ကာရစ်ဘီယံ ကမ်းရိုးတန်းအလွန် အိုက်စလာ ဒယ်ရိုဆာရီယို ဒေသအနီးတွင် နစ်မြုပ်ခဲ့သည်။
စပိန်စစ်ပွဲ အောင်မြင်မှုအဖြစ် ဗြိတိန်သင်္ဘောများက ယင်းသင်္ဘောကို ရယူရန်ကြိုးပမ်းစဉ် သင်္ဘော နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ စပိန်၏ အမေရိက ကိုလိုနီများထံမှ ရရှိထားသော ရတနာများကို တင်ဆောင်ခဲ့သည့် ယင်းသင်္ဘောသည် အလွန်ထင်ရှားပြီး ၁၉၈၀ ပြည့်လွန် နှစ်များနှောင်းပိုင်းတွင် သင်္ဘောရှိရာနေရာကို အမေရိကန် အခြေစိုက် ကုမ္ပဏီတစ်ခုက တွေ့ရှိကြောင်း ကြေညာခဲ့သည်။ ယင်းတွေ့ရှိမှုကို အတည်မပြုခဲ့ဘဲ အမေရိကန် တရားရုံးက ယင်းသင်္ဘောသည် ကိုလံဘီယာပိုင် ပစ္စည်းဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
Credit to>>> Eleven Media Group

0 comments:

Post a Comment