8.12.15

SME လုပ်ငန်းများ အပေါင်ပစ္စည်းမလိုဘဲ ငွေချေးနိုင်တော့မည်


အသေးစား စက်မှု လက်မှုလုပ်ငန်းများ အပေါင်ပစ္စည်းမလိုဘဲ ငွေချေးနိုင်မည့် Credit Guarantee Ins- urance(CGI) စနစ်ကို ဆောင်ရွက်ပေး တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ်ကို စက်မှုဝန်ကြီး ဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ အသေးစားနှင့် အလတ်စားလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ မြန်မာအာမခံလုပ်ငန်းတို့ ပူးပေါင်းကာ အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် SME များအတွက် ချေးငွေ အထောက်အပံ့ရယူနိုင်ရန် အသေး စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ်(SMIDB) မှသာ ရယူနိုင်ပြီး SMIDB အနေဖြင့်လည်း ငွေကြေးဆုံးရှုံးမှု မရှိစေရန် အတွက် ချေးငွေရယူရန် အပေါင်ပစ္စည်းအ ဖြစ် မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှု အ ထောက်အထားများ ရှိမှသာ ထုတ်ချေးပေး သည့်အတွက် အာမခံပစ္စည်းပိုင်ဆိုင်မှု မရှိ သော SME များမှာ ချေးငွေရရှိရန် အခက် အခဲ ဖြစ်နေကြသည်။
''နိုင်ငံတကာမှာတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက စနေပြီ။ မြန် မာနိုင်ငံမှာက ဘဏ်လုပ်ငန်းတွေဘက်က ယုံကြည်မှု နည်းနေကြတယ်။ အခုတော့ အကောင်အထည် ဖော်တော့မှာပါ''ဟု စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာမောင်မြင့်က ပြောသည်။
အဆိုပါ အပေါင်ခံပစ္စည်း မလို ဘဲ ချေးငွေရယူနိုင်သည့် CGI အာမခံအ စီအစဉ်မှာ ချေးငွေရယူပြီး ကာယကံရှင် ဘက်က မဆပ်နိုင်ပါက ပြန်လျော်ပေးမည့် အာမခံအမျိုးအစားဖြစ်သည်။ ယင်းစနစ် ကို CB ဘဏ်မှ စတင် အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး SME များမှ စိတ်ဝင်စားမှု များပြားနေကြောင်း သိရသည်။
Credit to >>> Yangon Media Group

0 comments:

Post a Comment