8.12.15

တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင် သာမှုဖော်ဆောင်ရေး အစီရင်ခံစာတွင် ကျောက်မျက်ကဏ္ဍထည့်သွင်းမှု မြန်မာနိုင်ငံကပထမဆုံးဖြစ်

 
တွင်းထွက် သယံဇာတတူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (EITI) အကောင်အထည်ဖော်လျက် ရှိသည့် နိုင်ငံများတွင် မြန်မာနိုင်ငံ သည် ကျောက်မျက်ကဏ္ဍကို ယင်း အစီရင်ခံစာတွင် ထည့်သွင်းသည့် ပထမဦးဆုံးနိုင်ငံဖြစ်ကြောင်း ဒီဇင်ဘာ ၇ ရက်နေ့က ကုန်သည်စက်မှု အသင်းချုပ်တွင်ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက် တာမောင် မောင်သိမ်းက ပြောသည်။


မြန်မာနိုင်ငံသည်တွင်းထွက်သ ယံဇာတတူးဖော်ရေးလုပ်ငန်းများမှ ရရှိသော အခွန်၊ အခများ ပွင့်လင်းမြင် သာမှုရှိရေး ဆက်စပ်အချက်အလက် များကို အများပြည်သူသို့ အစီရင်ခံ ထုတ်ပြန်ရန် မြန်မာနိုင်ငံတွင်းထွက် သယံဇာတတူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာ မှုဖော် ဆောင်ရေး (MEITI) ပထမအကြိမ် အစီရင်ခံစာကို ယခုနှစ် ဒီဇင်ဘာလ ကုန်တွင် ထုတ်ပြန်မည်ဖြစ်ပြီး ယင်း အစီရင်ခံစာတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်တွင်ရရှိခဲ့သော အခွန်ဘဏ္ဍာ ငွေများကို အခြေခံကာရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ၁၀၀ ရာခိုင်နှုန်း၊ ကျောက် မျက်ကဏ္ဍမှ ၆ရ ရာခိုင်နှုန်းနှင့် သတ္တုကဏ္ဍမှ ၅၀ ရာ ခိုင်နှုန်း ပါဝင်ကြောင်း မြန်မာ EITI ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမောင်မောင် သိမ်းက သိရသည်။

မြန်မာ EITI ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါက် တာ မောင်မောင်သိမ်းက ''တွင်းထွက် သယံဇာတလုပ်ငန်းမှာ အများကြီး ပါတယ်။ ဒါတွေအားလုံးကို ပထမ အကြိမ်တင်တဲ့ အစီရင်ခံစာမှာ အား လုံးပါဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့။ ဘယ်ဟာတွေကို ဦးစားပေးလေ့ လာပြီး တော့တင်မယ်။ ကျန်တာတွေကို နောက်ရီပို့မှာ တင်မယ်ဆိုပြီးတော့ လုပ်တဲ့နေရာမှာ ပညာရှင်တွေရဲ့ ထောက်ခံမှုအရ သတင်းအချက်အ လက် အလွယ်တကူရနိုင်မယ့် ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ၁၀၀ ရာ ခိုင်နှုန်းလေ့လာပြီးတော့ တင်မယ် လို့ဆုံးဖြတ်ပါတယ်။ ထို့အတူကျောက် မျက်လုပ်ငန်းကို ၆ရ ရာခိုင်နှုန်း လေ့လာမယ်။ သတ္တုလုပ်ငန်းကို ၅၀ ရာခိုင်နှုန်း လေ့လာမယ်လို့ ဆုံးဖြတ် ပါတယ်။ အဓိကတော့ ရေနံနဲ့သဘာ ဝဓာတ်ငွေ့လုပ်ငန်းပါ။ ဒီရီပို့မှာ ကျောက်မျက်လုပ်ငန်းကိုထည့်တဲ့ နိုင်ငံဟာ မြန်မာနိုင်ငံက ပထမဦး ဆုံးနိုင်ငံဖြစ်ပါတယ်''ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် ဇူလိုင် ၂ ရက်တွင် ကျင်းပခဲ့သည့်(၂၇) ကြိမ်မြောက် နိုင်ငံတကာ EITI အဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံ အား ၄၅ နိုင်ငံမြောက် EITI အဖွဲ့ ဝင်နိုင်ငံ (Candidate Country) အဖြစ် အတည်ပြုခဲ့ပြီး မြန်မာနိုင်ငံ၏ EITI စံနှုန်းများနှင့်အညီ ပွင့်လင်းမြင် သာမှုအတွက် ပထမအကြိမ် EITI အစီရင်ခံစာကို ၂၀၁၆ ဇန်နဝါရီလ ၂ ရက်တွင် နောက်ဆုံးထားထုတ်ပြန် ရန် နိုင်ငံတကာ EITI အဖွဲ့မှ သတ် မှတ်ခဲ့သည်။

ဒေါက်တာမောင်မောင်သိမ်းက ''သယံဇာတပေါများတဲ့ နိုင်ငံတွေအ များကြီးရှိပါတယ်။ အချို့သော သယံ ဇာတတွေပေါများတဲ့ နိုင်ငံတွေမှာ သယံဇာတပေါများရင် ပြည်သူ/ပြည် သားလည်း ချမ်းသာရမှာပေါ့။ တချို့ သော သယံဇာတပေါများတဲ့ နိုင်ငံ တွေမှာ သယံဇာတပေါ များပေမယ့် ပြည်သူ၊ ပြည်သားဆင်းရဲနေတယ်။ အချင်းချင်း ပဋိပက္ခတွေဖြစ်နေတာ သွားတွေ့ရတယ်။ သယံဇာတကြောင့် ဖြစ်တာ၊ သယံဇာတကျိန်စာပဲဆိုတာ သွားတွေ့တယ်။ သယံဇာတကျိန်စာကို ကုစားဖို့အတွက် လိုအပ်ချက်ကတော့ သယံဇာတကနေပြီးတော့ ရရှိတဲ့ဝင်ငွေ တွေကို အခွန်၊ အခတွေကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ခြင်းဟာ အကောင်း ဆုံးဆိုတာအဖြေထွက်ပါတယ်''ဟုဆို သည်။

ယင်းအစီရင်ခံစာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတူးဖော်ထုတ် လုပ်ရေးလုပ်ငန်းများ၏ အခွန်ငွေ ၁၀၀ ရာခိုင်နှုန်းကို ကိုယ် စားပြုသော ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ ၁၃ခု၊ ကျောက်မျက်/ ရတနာပြပွဲ၏ အခွန် ဘဏ္ဍာငွေ ၆ရ ရာခိုင်နှုန်းကို ကိုယ်စားပြုသောကျောက် မျက်ရတနာ ကုမ္ပဏီ ၃၀ နှင့် သတ္တုကဏ္ဍ၏ အခွန်ဘဏ္ဍာ ငွေ ၅၀ ရာခိုင်နှုန်း ကို ကိုယ်စားပြု သောကုမ္ပဏီ ၁၁ခု အပြင် အခွန်ဘဏ္ဍာ ငွေအချိုးအစားအရ EITI နယ်ပယ် တွင်ပါဝင်ခြင်းမရှိသော်လည်း အရပ်ဘက်လူမှု အဖွဲ့အစည်းကိုယ်စား လှယ်များ၏ တောင်းဆိုမှုအရ အထူးအစီအစဉ်ဖြင့် သတ္တုတူးဖော်ရေး ကုမ္ပဏီဖြစ်သည့် ဝမ်ပေါင်အပါအဝင် သုံးခုကို ထည့်သွင်းထားကြောင်း သိရသည်။

ဒေါက်တာမောင်မောင်သိမ်းက ''ဒီလုပ်ငန်းစဉ်ဟာ ဘယ်သူကမှတိုက် တွန်းလို့လုပ်တဲ့ လုပ်ငန်းစဉ်မျိုးမ ဟုတ်ပါဘူး။ အဲဒီမှာပါဝင်တဲ့ နိုင်ငံ တွေဟာ မိမိရဲ့ကိုယ်ပိုင်စိတ်ဓာတ်၊ ကိုယ်ပိုင်အသိတရားနဲ့ပဲ ပါဝင်ကြ တာ။ စာချုပ်ကြီးတွေ လက်မှတ်ထိုးပြီး ပါဝင်ရမယ်ဆိုပြီးလုပ်တာ မဟုတ်ဘူး။ ပါဝင်နိုင်ငံတွေဟာ မပါဝင်လည်းပဲ ရတယ်။ သို့သော်သယံဇာတကျိန်စာ ကိုကုစားချင်တဲ့ နိုင်ငံတွေက ကိုယ့် ရဲ့အသိ စိတ်ဓာတ်နဲ့ပါဝင်ကြတာဖြစ် ပါတယ်''ဟု ဆိုသည်။

ထို့အပြင် EITI စံနှုန်းအရ မဖြစ်မနေ ဖော်ပြရမည် မဟုတ်သော် လည်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းမှု လုပ်ငန်းမှ ကောက်ခံရရှိသော အခွန်၊ အခများ ကိုလည်း သုံးပွင့်ဆိုင်ညွှန့်ပေါင်း အဖွဲ့၏ ဆုံးဖြတ်ချက်အရ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအနေ ဖြင့် ထုတ်ဖော်ရန် EITI နယ်ပယ် တွင်ထည့်သွင်းခဲ့ကြောင်း သိရသည်။

မြန်မာ EITI ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါက် တာဇော်ဦးက ''အရင်းအမြစ် တွေရဲ့ ကျိန်စာသင့်မှုကြောင့် နိုင်ငံ တော်တော် များများမှာ ပြည်သူတွေက ချမ်းသာသင့်သလောက် မချမ်းသာ သေးဘူးဆိုတဲ့ အနေအထားဟာ ဖွံ့ ဖြိုးဆဲနိုင်ငံတော်တော်များများမှာ အထူးသဖြင့် သဘာဝအရင်းအမြစ် ကို မှီခိုနေရတဲ့ တိုင်းပြည်တော်တော် များများမှာ ကြုံတွေ့နေရတဲ့ ပြဿ နာ ဖြစ်တဲ့အတွက် EITI လုပ်ငန်းစဉ် ဟာ နိုင်ငံအတွက် ကြီးမားတဲ့ ရည် မှန်းချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါ တယ်''ဟု ဆိုသည်။

ယင်းအစီရင်ခံစာတွင် စွမ်းအင် ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သတ္တုတွင်းဝန်ကြီးဌာန လက်အောက် ရှိ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ပြည်တွင်းအ ခွန်ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန နှင့် ပတ်ဝန်ကျင်းထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန လက် အောက်ရှိ သစ်တောဦးစီးဌာနတို့ ပါဝင်ကြောင်း သိရသည်။

EITI လုပ်ငန်းစဉ်များသည် အစိုးရ၏ အခွန်ဘဏ္ဍာစနစ်ကို အထောက် အကူပြုပြီး သဘာဝသယံ ဇာတထုတ်လုပ်ရေးများရရှိသော ဝင်ငွေ များနှင့် ဆက်စပ်နေသောကြောင့် အစိုးရ၊ ကုမ္ပဏီနှင့် အရပ်ဘက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပါဝင် ပတ်သက် သူပေါင်းစုံ ညွှန့်ပေါင်းအဖွဲ့ (Multi-Stakeholder Group-MSG) ကို ထူထောင်ပြီး ယင်းကိုယ် စားလှယ်အဖွဲ့ EITI အကောင် အထည်ဖော်ရာတွင် လွတ်လပ်စွာ ပါဝင်နိုင်သည့်အတွက် MSG ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီး ကြောင်း သိရသည်။
Credit to >>> Democracy today

0 comments:

Post a Comment