
တယ်လီနောမြန်မာလီမိတက်မှ (တယ်လီနော)မှ မြန်မာ့လူ့အဖွဲ့အစည်း၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော အခြေခံ ကွန်ပျူတာပညာနှင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည် တိုးတက်လာစေခြင်းအလို့ငှာ ၎င်း၏ အလင်းအိမ်စင်တာ ၁၁ ခုတွင် အွန်လိုင်းမှ ဗီဒီယိုဖြင့် လေ့လာရေးစနစ် သင်တန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“Word, Excel , Powerpoint အင်္ဂလိပ်စာ စတဲ့ အရည်အသွေးတွေ တိုးတက်စေဖို့ အခြေခံကွန်ပျုတာပညာရပ်ကို အွန်လိုင်းဗီဒီယိုကနေ တစ်ဆင့် ဈေးနူန်း သက်သက်သာသာနဲ့ သင်ယူနိုင်မှာဖြစ်ပါတယ်။ အလင်းအိမ်စင်တာ နားမှာရှိတဲ့ ဒေသခံလူထုတွေ၊ အထူးသဖြင့် ဝင်ငွေနည်းမိသားစုတွေရဲ့ ကလေးတွေကို ဒီသင်တန်းက အများကြီးအကျိုးပြုနိုင်မှာပါ” ဟု တယ်လီနောမြန်မာမှ လူမှုအကျိုးပြုဌာနမှူးဖြစ်သူ ကိုမင်းသူက ပြောသည်။
အဆိုပါ အလင်းအိမ်စင်တာ ၁၁ ခုသည် ရမည်းသင်း၊ ပျော်ဘွယ်၊ တပ်ကုန်း၊ မင်းဘူး၊ မြင်းခြံ၊ ဖြူး၊ မလှိုင်၊ အင်းစိန်နှင့် မြောက်ဒဂုံ အစရှိသည့် မြို့နယ်များတွင် တည်ရှိနေသော စင်တာများ ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ ဗီဒီယိုသင်ခန်းစာများသည် မြန်မာအထက်တန်း သင်ရိုးညွှန်းတမ်း သို့မဟုတ် ရေးဆွဲထားပြီးဖြစ်သော ကွန်ပျုတာအခြေခံ သင်ရိုး ညွှန်တမ်းများပေါ် မူတည်ပြီး အကျွမ်းကျင်ဆုံး ဆရာများက ရေးဆွဲထားခြင်း ဖြစ်သည်။ ၎င်းတို့ကို မြန်မာနိုင်ငံတွင် အွန်လိုင်းပညာရေးစီမံကိန်းကို အကောင်အထည်ဖော်သည့် Foster NGO က မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
အဆင့်မြင့်ပညာရေးကို သင်ယူရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ဤကဲ့သို့ အရည်အချင်းပြည့်ဝသော သင်ကြားရေး လမ်းညွှန်များ၏ ကူညီပံ့ပိုးမှုနှင့်အတူ ဗီဒီယိုများကိုကြည့်ရှု၍ လက်တွေ့အသုံးချခြင်းဖြင့် လေ့လာတတ်မြောက်နိုင်မည် ဖြစ်သည်။
Credit to >>> Internet Journal
0 comments:
Post a Comment