22.12.15

Nippon Expressသီလဝါအထူးစီးပွားရေးဇုန်၌ဒုတိယမြောက်လုပ်ငန်းခွဲဖွင့်လှစ်

ဂျပန်နိုင်ငံ၏အကြီးမားဆုံးသော အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Nippon Express Co က ပို၍ အလားအလာကောင်းမွန်လာသော မြန်မာဈေးကွက်၌ ယင်း၏ ဒုတိယမြောက်လုပ်ငန်းခွဲကို ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၌Nittsu Co ဟုလည်းခေါ်ဆိုသည့် တိုကျိုအခြေစိုက်Nippon Express Co က မြန်မာနိုင်ငံ၌ ဘုံဈေးကွက်တစ်ခုတည်ထောင်ရာတွင် ရင်းနှီးမတည်မှု ပြုလုပ်ရန် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်အနီးရှိ သီလဝါအထူးစီးပွားရေးဇုန်၌Nittsu Logistics Myanmar Co ကို တည်ထောင်လိုက်သည်။ Nittsu Logistics Myanmar Co သည် လေကြောင်းနှင့် ရေကြောင်း ကုန်စည်ပို့ဆောင်ခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်း၊ ပြည်တွင်းသယ်ယူပို့ဆောင်ခြင်းနှင့် ကုန်ပစ္စည်းများ သိုလှောင်ခြင်းအပါအဝင် ဘက်စုံထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း Nippon Express က ဆိုသည်။ Nippon Express သည် ၂ဝ၁၇ ခုနှစ်တွင်ပြီးစီးမည့် ကုန်လှောင်ရုံသစ်တစ်ခုကို သီလဝါအထူးစီးပွားရေးဇုန်၌ တည်ဆောက် မည်ဖြစ်သည်။
ကမ္ဘာ့အကြီးဆုံးထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများအနက်တစ်ခုဖြစ် သော Nippon Express က မြန်မာနိုင်ငံ၏ စီးပွားရေးကို ကျန်ရှိသောကမ္ဘာ့ နိုင်ငံများသို့ဖွင့်လှစ်ပေးလာမှုတွင် အခွင့်ကောင်းယူရန်ရည်ရွယ်ကာ အခြားဂျပန်ကုမ္ပဏီများနှင့်ပူးပေါင်း၍ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မြို့၌ ပထမဆုံးသောမြန်မာလုပ်ငန်းခွဲဖြစ်သည့် Nippon Express (Myanmar) ကို တည်ထောင်ခဲ့သည်။ စီးပွားရေးပုံမှန်တိုးတက်ပြီး ပြည်သူများ၏ဝင်ငွေ မြင့်မားလာပါက မြန်မာနိုင်ငံတွင် အနာဂတ်ကာလ၌ အကျိုးရှိသောစားသုံးသူ ဈေးကွက်တစ်ခုဖြစ်လာရန် အလားအလာရှိပါသည်။ တရုတ်နိုင်ငံ၌လုပ်အားခ များမြင့်တက်လာစဉ်အတွင်း အာရှတိုက်အတွင်းရှိ ထုတ်လုပ်မှုနှင့်ကုန်ကျ စရိတ်များကို ပြန်လည်သုံးသပ်နေသည့် ထုတ်လုပ်ရေးကုမ္ပဏီများအတွက် လုပ်အားခဈေးသက်သာသောမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာနေရာတစ်ခုလည်း ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ အလျင်အမြန်ဖွံ့ဖြိုးလာသော စီးပွားရေးနှင့် စဉ်ဆက်မပြတ် ပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာမှုက မြန်မာနိုင်ငံ၌ ဒုတိယမြောက်လုပ်ငန်းခွဲဖွင့်လှစ်မှုတွင် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်းNippon Express က ပြောကြားသည်။
Nippon Express ၏ မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံမှုမှာ လူဦးရေ သန်း ၆၁ဝ ခန့်ရှိပြီး နှစ်စဉ်ဂျီဒီပီ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံ နီးပါးရှိသော အာဆီယံဒေသတွင် ဘုံဈေးကွက်တစ်ခုတည်ထောင်ရန်အတွက် ယခုနှစ်ကုန်တွင် အာဆီယံစီးပွားရေးအသိုက်အဝန်း မစတင်မီလေးတွင်ဆုံးဖြတ်ခဲ့ သည်။Nippon Express သည် ဘုံဈေးကွက်သစ်အတွက် ကြိုတင်ပြင် ဆင်မှုအနေဖြင့် ထိုင်းနှင့်မြန်မာနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်ကွန်ရက် တစ်ခုတည်ထောင်ပြီးဖြစ်ပါသည်။''အာဆီယံစီးပွားရေးအသိုက်အဝန်းဖြစ်လာ ပြီးရင် ထပ်မံဖွံ့ဖြိုးလာဖို့မျှော်မှန်းထားတဲ့ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင် မှု လိုအပ်ချက်ပြည့်မီဖို့Nippon Express က မြန်မာနိုင်ငံနဲ့ အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကြားချိတ်ဆက်ထားတဲ့ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်ကို တိုးချဲ့မှာဖြစ်ပါ တယ်'' ဟု Nippon Express ကဆိုသည်။

Credit To >>> The Mirror Daily 

0 comments:

Post a Comment