22.12.15

ဆွီဒင် မိုဘိုင်းထုတ်လုပ်သူဖြစ်တဲ့ Ericsson က မူပိုင်ခွင့်လိုင်စင်တစ်ခု Apple ကုမ္ပဏီနဲ့ သဘောတူလက်မှတ်ရေးထိုး

ဆွီဒင် မိုဘိုင်းထုတ်လုပ်သူဖြစ်တဲ့ Ericsson က မူပိုင်ခွင့်လိုင်စင်
တစ်ခု Apple ကုမ္ပဏီနဲ့ သဘောတူလက်မှတ်ရေးထိုးလိုက်တယ်လို့
သတင်းရရှိပါတယ်။

ဒီလို လက်မှတ်ရေးထိုးနိုင်ခြင်းက တစ်နှစ်ကျော်ကြာ အငြင်းပွားနေမှုကို
ရပ်တန့်လိုက်သလို၊ Ericssonရဲ့ ရှယ်ယာဈေးနှုန်းကိုလဲ ခုနစ်ရာခိုင်နှုန်း
တက်သွားစေပါတယ်။

Ericsson က ဒီသဘောတူညီချက်ကနေ ဘယ်လောက်ဝင်ငွေရရှိမယ်
ဆိုတာကိုအတိကျပြောဆိုခြင်း မရှိသေးပဲ၊ ဥာဏပစ္စည်းဆိုင်ရာ မူဝါဒ
အရ ၂၀၁၅ခုနှစ်အတွင်းအမေရိကန် ဒေါ်လာ ၁ ဒသမ ၆၂ ဘီလီယံထိ
ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံမှုဘဏ် ABG Sundal Collier အဆိုအရ iPads နဲ့ iPhones
တွေအတွက် Apple က ဝင်ငွေရဲ့ ၀ ဒသမ ၅ ရာခိုင်နှုန်းကို Ericsson ကို
ဒဏ်ကြေးပေးရနိုင်တယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့ Apple နဲ့ အလုပ်အတူ ဆက်လုပ်နိုင်ပါတယ်။ 5Gရေဒီယို
ကွန်ရက်နဲ့ အခြားကွန်ရက်တွေမှာပါ” လို့ Ericsson ရဲ့
ဥာဏပိုင်ဆိုင်ခွင့်ဆိုင်ရာ အရာရှိဖြစ်သူ Kasim Alfalahi က ပြောပါတယ်။

Credit To >>> SFJ News

0 comments:

Post a Comment