23.12.15

NCA တွင် လက်မှတ်မထိုးရခြင်းအကြောင်းရင်း NLD ရှင်းလင်း


အစိုးရနှင့်တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် သဘောတူလက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ တွေ့ဆုံ၍ NCA အပစ်ရပ်စာချုပ်တွင် လက်မှတ်မရေးထိုးသည့်အကြောင်းရင်းကို ရှင်းပြခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးက ပြောသည်။

ဒီချုပ်အနေဖြင့် ယခုအချိန်သည် တာဝန်ပြောင်းလဲမှုစီမံနေသည့်အချိန်ဖြစ်
ပြီး အချိန်ကာလအားဖြင့် ၂ဝ၁၆ခုနှစ် ဇန်နဝါရီ ၃ဝရက်တွင် လွှတ်တော်သက်တမ်း ကုန်ဆုံးမည်ဖြစ်ရာ အဆိုပါအချိန်တွင် တာဝန်ပြောင်းလဲရန်စတင်တော့မည် ဖြစ် ပြီး မည်သည့်ပုံစံပြောင်းလဲရမလဲဆိုသည် ကို အဖွဲ့ချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူ များ တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း ဦးတင်ဦးက ပြောသည်။
''အထူးသဖြင့် တိုင်းရင်းသားများနဲ့ပတ်သက်လို့ရှိရင် အားလုံးသိတဲ့အတိုင်း
ပဲ။ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ တွေ့ ဆုံပြီး အဖွဲ့ချုပ်ကဘာကြောင့် လက်မှတ် မထိုးဖူးဘူးဆိုတာ ရှင်းလင်းတာကို လုပ် ပြီးပါပြီ''ဟု ¤င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် အပစ်ရပ်စာချုပ်တွင် လက် မှတ်မရေးထိုးရခြင်းမှာ တိုင်းရင်းသားများကြားထဲတွင် အချင်းချင်းနားလည်မှု လွဲမှား
မည်ကို စိုးရိမ်သည့်အတွက်ဖြစ်ကြောင်း ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးခွန်မြင့်ထွန်းက RFA သတင်းဌာနကို ဖြေကြားထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံ
လုံးဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ရှစ်ဖွဲ့မှ ခေါင်းဆောင် များ နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ I-12 တွင် ဒီဇင်ဘာ ၁၇ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်နှင့် ဗဟိုကော်
မတီဝင်ဦးမန်းဂျော်နီ၊ ဦးနိုင်ငံလင်း၊ ဦးဖြိုး ဇေယျာသော်နှင့်ဥက္ကဋ္ဌရုံးတာဝန်ခံဒေါက် တာတင်မာအောင်တို့ တက်ရောက်ခဲ့ပြီး လာရောက်တွေ့ဆုံဆွေးနွေးသည်။ တိုင်း ရင်းသားခေါင်းဆောင်များမှာ ပဒိုကွယ် ထူးဝင်း၊ ဒေါက်တာဆလိုင်းလျန်မှုန်း၊ ဒေါ် စာမြရာဇာလင်း၊ ဦးခွန်မြင့်ထွန်း၊ ရဲဘော် မျိုးဝင်း၊ စိုင်းဘောင်ခေး၊ စောကျော်ညွန့်၊ ဦးစောစိန်ဝင်းတို့ ဆွေးနွေးခဲ့သည်။
အပစ်ရပ်လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့မှာ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ ကရင်ငြိမ်းချမ်းရေးကောင် စီ(KNLA)၊ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS/SSA)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)တို့ ဖြစ်သည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment