9.12.15

“မြန်မာနိုင်ငံ၏ပထမဆုံး စတော့အိတ်ချိန်း စတင်ဖွင့်လှစ်”


 မြန်မာနိုင်ငံ၏ ပထမဆုံး ရန်ကုန်စတော့ အိတ်ချိန်း ယနေ့ ဒီဇင်ဘာ ၉ရက်နံနက်ပိုင်းကစတင်ဖွင့်လှစ်ခဲ့သည်။

စတော့အိတ်ချိန်းကို ဒုတိယသမ္မတဦးဥာဏ်ထွန်းကဖွင့်လှစ်ပေးခဲ့ပြီးဖွင့်ပွဲတွင် စတော့ အိတ်ချိန်း တွင်ရှယ်ယာရောင်းချခွင့်ရသော ကုမ္ပဏီ ၆ခုစာရင်းကို ကြေညာခဲ့ရာ FMI ၊ ပထမပုဂ္ဂလိဂ္ဂ အများပိုင်ကုမ္ပဏီ၊ GREAT FORHAM အများပိုင်ကုမ္ပဏီ ၊ MAPCO အများပိုင်ကုမ္ပဏီ ၊ မြန်မာနိုင်ငံသားများဘဏ်အများပိုင် ကုမ္ပဏီ နှင့် သီလ၀ါ အများပိုင် ကုမ္ပဏီတို့ကလုပ်ကိုင်ခွင့်ရရှိသွားသည်။
ရန်ကုန် စတော့ အိတ်ချိန်းကို စတင်နိုင်ရန် အတွက် ဂျပန်ဒိုင်ဝါ ကုမ္ပဏီ နှင့် မြန်မာအစိုးရတို့ပူးပေါင်းပြီး မြန်မာဘက်မှ ၅၁ရာခိုင်နှုန်း ဂျပန်နိုင်ငံမှ ၄၉ရာခိုင်နှုန်းတို့ထည့်ဝင်၍ ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။ စုစုပေါင်း ကျပ်၃၁ဘီလီယံဖြင့်စတင်ရင်းနှီးမြှပ်နှံကာဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
Credit to >>> 7 Day Daily

0 comments:

Post a Comment