4.12.15

စီးပွားရေးလုပ်ငန်းသုံး ဒရုန်းနည်းပညာကဏ္ဍသစ်ဖွင့်လှစ်တဲ့ Amazon



အွန်လိုင်း အရောင်းဝန် ဆောင်မှုလုပ်ငန်းကြီး Amazon အနေနဲ့ အဝေးထိန်း လေယာဉ်ငယ် (Drone)တွေကို အရပ်ဘက် စီးပွားရေး လုပ်ငန်းနယ်ပယ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင် ဖို့ အရေးပါတဲ့ ခြေလှမ်းသစ် တစ်ရပ်ကို စတင်လိုက်ပါတယ်။

ဒီနှစ်ရဲ့ ဆိုက်ဘာမန်းဒေး အဖြစ် ကျရောက်တဲ့ နိုဝင်ဘာ ၃၀ ရက်မှာ Amazon ဟာ သူတို့ရဲ့ အရောင်းစေတမန်အသစ်အနေ နဲ့ ရည်ရွယ်ထားတဲ့ ဒရုန်းအမျိုး အစားသစ်ကို မိတ်ဆက်ပြသ လိုက်ပါတယ်။ အဲဒီ ဒရုန်းဟာ အွန် လိုင်းကနေ ကုန်ပစ္စည်း မှာယူသူ တွေဆီ လိုချင်တဲ့ အရာကို မြန် မြန်ဆန်ဆန်၊ တိတိကျကျ ရောက် ရှိစေဖို့ ကူညီနိုင်မယ့် နည်းပညာ ဖန်တီးမှု တစ်ခုလည်း ဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် Amazon ဟာ အရပ်ဘက် ဒရုန်းအသုံးပြုမှု နယ် ပယ်မှာ ကဏ္ဍသစ်တစ်ခုကို ဖွင့် လှစ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက Amazon ကို ထူထောင်သူလည်း ဖြစ်၊ အမှုဆောင်ချုပ်လည်းဖြစ်တဲ့ ဂျက်ဖ်ဘီဇော့စ်က ကုမ္ပဏီအနေ နဲ့ Amazon Prime Air လို့ ခေါ် ဝေါ်တဲ့ ဒရုန်းတွေကို အသုံးပြုပြီး ရောင်းကုန်တွေကို ပေးပို့သွားဖို့ စီစဉ်နေပြီလို့ တရားဝင်ကြေညာ ခဲ့ပါတယ်။ အဲဒီ ဒရုန်းဟာ စမ်း သပ်ဆဲ အဆင့်သာ ဖြစ်ခဲ့ပြီး မိနစ် ၃၀ လောက် ဆက်တိုက် ပျံသန်း ရင်း ကုန်ပစ္စည်းတွေကို သယ်ယူ ပို့ဆောင်နိုင်စွမ်း ရှိခဲ့တယ်။ ဒါပေမဲ့ မျိုးဆက်သစ် Prime Air ကတော့ စွမ်းဆောင်ရည်ပိုင်း အများကြီး ပိုတိုးတက် ပြည့်စုံလာပြီလို့ ဆို နိုင်ပါတယ်။
အဖြူ၊ အပြာ၊ အဝါရောင် တွေနဲ့ ရောစပ်ဖန်တီး အလှဆင် ထားတဲ့ ဒရုန်းလေယာဉ်ငယ်လေး ဟာ ၂၀၁၃ ခုနှစ်တုန်းက ပထမဆုံး ပြသခဲ့တဲ့ မျိုးဆက်ဟောင်း ထက် ပိုလေးလံတဲ့ ဝန်စည်တွေကို သယ် ဆောင်နိုင်တယ်။ တစ်နာရီ ၅၅ မိုင်လောက် မြန်နှုန်းနဲ့ ၁၅ မိုင် လောက်ထိ ခရီးပေါက်အောင် ဆက်တိုက် ပျံသန်းနိုင်ပါတယ်။ ဒီဒရုန်းက အတက်အဆင်းပြုလုပ် ချိန်မှာ ပန်ကာရှစ်လုံးတပ် ဒရုန်း တွေလို ဒေါင်လိုက် ရွေ့လျားပေ မယ့် ခရီးပျံသန်းချိန်မှာတော့ ဘေး တိုက် ပန်ကာတွေရဲ့ တွန်းအား နဲ့ လေယာဉ်ပျံ တစ်စီးလို အလုပ် လုပ်နိုင်စွမ်း ရှိပါတယ်။

ပိုထူးခြားတာက အရင်မျိုး ဆက်ဟောင်း ဒရုန်းလိုမျိုး သယ် ယူလာတဲ့ ပစ္စည်းကို အမြင့်က ပစ် ချပေးမှာ မဟုတ်ဘဲ ဝယ်ယူသူ စိတ်တိုင်းကျ ရွေးချယ်ပေးထား တဲ့ သင့်တင့်တဲ့ မြေနေရာမှာ ညင် ညင်သာသာ ဆင်းသက်ပြီး ကုန် စည်ကို လက်ဆင့်ကမ်းပေးမှာ ဖြစ် ပါတယ်။ မဆိုင်တဲ့သူ လက်ထဲ ကို မှာယူထားတဲ့ ပစ္စည်းမှားမပို့ မိအောင်လည်း ပစ္စည်းမှာ သူ့ဆီ အချက်ပြ သတိပေးတဲ့ စနစ်မျိုး ဒရုန်းမှာ ထည့်သွင်းပေးထား တယ်။
‘‘နည်းနည်းတော့ စိတ်ကူး ယဉ် သိပ္ပံဝတ္ထု ဆန်နေတယ်။ ဒါ ပေမဲ့ တကယ့်လက်တွေ့ ဖန်တီး မှုပါ။ Prime Air ယာဉ်လေးတွေ ဟာ လမ်းပေါ်မှာ သမားရိုးကျ တွေ့မြင်နေကျ စာပို့မော်တော် ကားတွေလိုမျိုး အနာဂတ်မှာ အသုံးတွင်ကျယ်လာပါလိမ့်မယ်’’ လို့  Amazon က ကြေညာပါတယ်။
ဒါပေမဲ့ အမေရိကန်ရဲ့ လူနေ ဧရိယာတွေပေါ်မှာ ပျံသန်းဖို့အ တွက်တော့ ဥပဒေကြောင်းအရ ကန့်သတ်ချက်တွေ ရှိနေဆဲပါ။ ဒရုန်းတွေကို အမြင့်ပေ ၄၀၀ ထက် ပိုတဲ့နေရာကနေ ပျံခွင့်ပေး မထားပါဘူး။ ဒါဟာ အရပ်ဖက် လေကြောင်းသွားလာမှုတွေ ကင်း လွတ်စေမယ့် စံသတ်မှတ်ချက် ဖြစ်ပါတယ်။ လူတွေ ဥဒဟို သွားလာနေတဲ့ နေရာတွေမှာ အရမ်း နိမ့်နိမ့် ပျံတာမျိုးကိုလည်း ရှောင် ရပါမယ်။ ပြီးတော့ ဒရုန်းလေ ယာဉ်လေးဟာ အလေးချိန် ငါး ပေါင်ထက် ပိုလေးတဲ့ ကုန်စည် တွေကို တင်ဆောင်ခွင့် မရှိပါဘူး။ အမေရိကန် အာဏာပိုင်တွေ အ နေနဲ့ ဒရုန်းအသုံးပြုမှုတွေကို အ ကန့်အသတ်နဲ့ ခွင့်ပြုထားတဲ့တိုင် တိတိကျကျ ဥပဒေသတ်မှတ်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ ဒါ ကြောင့် လတ်တလော မှာတော့ Amazon အနေနဲ့ Prime Airကို အသုံးပြုနေခြင်းဟာ တရားဝင် မဟုတ်သေးဘူးလို့ ယူဆနိုင်ပါ တယ်။
အမေရိကန် ကုမ္ပဏီကြီးတွေ က ဒရုန်းနည်းပညာကို ပိုပိုပြီး စိတ်ဝင်စားလာကြတာ Amazon တစ်ခုတည်းတင် မကဘူးလို့ ပြော နိုင်ပါတယ်။ Google ဟာ အောက် တိုဘာလတုန်း က ၅ မိနစ်အတွင်း ငါးမိုင် ခရီးပေါက်တဲ့ ဒရုန်း တစ်ခုကို ကောင်းကင်ကနေ ဗီဒီ ယို ရိုက်ကူးမှုတွေမှာ စမ်းသပ်ခဲ့ ဖူးပါတယ်။ အရင်ကမောင်းသူမဲ့ လေယာဉ်တွေဟာ စစ်ရေးအ တွက်သာ အဓိက အသုံးပြုနေပေ မယ့် အခုအခါမှာတော့ အသေး စား ဒရုန်းလေးတွေကို အရပ် ဘက် လုပ်ငန်းတွေအတွက် ထဲထဲ ဝင်ဝင် အသုံးပြုဖို့ တောင်းဆိုမှု တွေ မြင့်တက်လာပြီ ဖြစ်ပါတယ်။
Amazon ရဲ့ ဒရုန်းနည်း ပညာဌာန တာဝန်ရှိသူ တစ်ဦးက ‘‘ကျွန်တော်တို့ကတော့ ယာဉ်ရဲ့ ဒီဇိုင်း၊ ပြီးတော့ သယ်ယူပို့ဆောင် မှု လုပ်ငန်းလည်ပတ်ပုံကို အမျိုး မျိုး ပြောင်းလဲ စမ်းသပ်နေပါ တယ်။ ပြီးတော့ ပစ္စည်းပို့ရမယ့် နေရာရဲ့ ပတ်ဝန်းကျင် အနေအ ထားပုံစံတွေက အစပေါ့။ သုတေသန ဌာနမှာ စမ်းသပ်လေ့လာ နေတဲ့ ဒီဇိုင်းမူကွဲ တစ်ဒါဇင်မက ရှိတယ်။ အချိန်ကြာလာတာနဲ့အ မျှ Prime Air ရဲ့ တည်ဆောက် ပုံနဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ဆင့်ကဲ ပြောင်းလဲလာပါလိမ့် မယ်’’ လို့ မှတ်ချက်ပေးထားတယ်။ အမေရိကန် ပြည်ထောင်စု လေ ကြောင်းထိန်းသိမ်းရေး ဌာနက အရပ်ဖက်သုံး မောင်းသူမဲ့ လေ ယာဉ်တွေနဲ့ ပတ်သက်လို့ စံနှုန်း သတ်မှတ်ချက်တွေ ရေးဆွဲမှု မပြီးပြတ်သေးတာကြောင့် လော လောဆယ်တော့ Amazon ဟာ သူတို့ရဲ့ ဖန်တီးမှုလက်ရာကို ထဲ ထဲဝင်ဝင် အသုံးမပြုနိုင်သေးပါ ဘူး။
ကုမ္ပဏီက ဒရုန်းတွေကို စမ်း သပ်ဆဲအဆင့် မောင်းနှင်နိုင်ခွင့် ရရှိထားပြီဖြစ်ပေမယ့် လုပ်ငန်းခွင် မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချဖို့ကတော့ အကန့်အသတ် တွေ ရှိနေဆဲပါ။ Amazon ကတော့ အများပြည်သူရဲ့ လုံခြုံ ရေးကို ထိပါးနှောင့်ယှက်မှု မဖြစ် အောင် စံနှုန်းသတ်မှတ်မှုတွေ ထည့်သွင်းနိုင်ရေး ပူးပေါင်းကူညီ မယ်လို့ ကတိပြုထားပါတယ်။
အရပ်ဘက်သုံး ဒရုန်းတွေ ခွင့်ပြုရေး ကိစ္စမှာ လုံခြုံရေးကဏ္ဍ ဟာ အရေးအကြီးဆုံး စိန်ခေါ်မှု တစ်ခု ဖြစ်လိမ့်မယ်လို့ အမေရိ ကန် နည်းပညာဆိုင်ရာ ဥပဒေ ပညာရှင်လုခ်စကန်လွန်က ဆိုပါ တယ်။ ဒီနည်းပညာ ဟာ Software အခြေခံကို အကြီးအကျယ် အား ပြုထားရခြင်းက ပြဿနာတစ်ရပ် လို့ Pinsent Masons ဥပဒေ အ ကျိုးတော်ဆောင် ဌာနရဲ့ ကျွမ်း ကျင်သူ တစ်ဦးဖြစ်တဲ့ စကန်လွန် က ထောက်ပြခဲ့တယ်။
‘‘စနစ်တစ်ခုလုံးက ဆော့ဖ်ဝဲ ကို အကြီးအကျယ် အခြေခံထား ရတာကို ရှောင်လွှဲလို့ မရဘူး။ Hacker တွေရဲ့ ထိုးဖောက်မှု တွေ၊ အချက်အလက် ပေါက် ကြားမှုတွေရဲ့ ခြိမ်းခြောက်မှုက အကြီးကြီးဖြစ်နေတယ်။ ဒီအချက် က အရမ်းအရေးကြီးတယ်။ လုံခြုံ ရေး ကဏ္ဍနဲ့ ပတ်သက်ရင် ဖြစ်နိုင် သမျှ အဆင့်အမြင့်ဆုံး အာမခံ ချက်မျိုး မပေးနိုင်သေးဘဲ ဒီစနစ် ကို သေသေချာချာ ထဲထဲဝင်ဝင် အသုံးပြုဖို့ မဖြစ်သင့်သေးဘူး’’လို့ စကန်လွန်က ဆိုပါတယ်။
‘‘နည်းပညာပိုင်းဆိုင်ရာ ပညာရှင်တွေက လက်ခံတဲ့ သတ်မှတ် စံနှုန်းမျိုး ရှိလာပြီ ဆိုရင်တော့ လက်တွေ့ ဖြစ်မြောက်လာလိမ့် မယ်။ အဲဒီအခါမှာ အရပ်ဘက် ဒရုန်းတွေနဲ့ ပတ်သက်လို့ သဘော ထား ကွဲလွဲမှုတွေ၊ စကားစစ် ထိုး မှုတွေလည်း ပေါ်လာဦးမှာပဲ။ ဒရုန်းနည်းပညာနဲ့ ပတ်သက်တဲ့ ဥပဒေ သတ်မှတ်ချက်တွေက တော့ အကြိမ်အတော်များများ ဆွေးနွေးညှိနှိုင်းပြီး ပြုပြင်ပြောင်း လဲမှုတွေ လုပ်ဆောင်ဖို့ လိုနေပါ လိမ့်မယ်’’ လို့လည်း သူက ပြော သွားခဲ့ပါတယ်။
Amazon ကတော့ သူတို့ရဲ့ ဒရုန်းအသစ်ကို လုံခြုံရေး ထောက် ခံချက် အပြည့်အဝ ရရှိကြောင်း သရုပ်မပြနိုင်သေးခင် ထုတ်မ သုံးသေးဘူးလို့ ကြေညာထားပါ တယ်။ အမေရိကန်ပြည်ထောင်စု လေကြောင်းထိန်းသိမ်းရေးဌာန က စီးပွားရေး ကဏ္ဍမှာ ဒရုန်းတွေ အသုံးပြုမှုနဲ့ ပတ်သက်ပြီး အ တတ်နိုင်ဆုံး တင်းတင်းကျပ်ကျပ် စီမံကိုင်တွယ်ဖို့ လိုလားနေပါ တယ်။ နိုင်ငံရေးသမား တချို့က လည်း စီးပွားရေး လုပ်ငန်းသုံး ဒရုန်းတွေကို အစိုးရဆီမှာ တစ်ခု ချင်းစီ မှတ်ပုံတင်စေဖို့ တောင်း ဆိုနေကြတယ်။
စီးပွားရေး ကဏ္ဍတွေမှာ မဟုတ်တဲ့တိုင် အမေရိကန်မှာ အပျော်တမ်း ဒရုန်းအသုံးပြုမှု တွေ တဖြည်းဖြည်း တိုးပွားမြင့် တက်လာနေဆဲ ဖြစ်ပါတယ်။ အ မေရိကန် ပြည်ထောင်စု လေ ကြောင်းထိန်းသိမ်းရေး ဌာနက တော့ ၂၀၂၀ ပြည့်နှစ်မှာ စီးပွားရေး သုံး ဒရုန်းပေါင်း သုံးသောင်း ကျော် လောက်ထိ ရှိနေလိမ့်မယ် လို့ ခန့်မှန်းထားတယ်။ Amazon ကတော့ အဲဒီနယ်ပယ်မှာ ဦး ဆောင်သူအဖြစ် ရပ်တည်ဖို့ အခု ကတည်းက ရည်မှန်းချက်ကြီးကြီး နဲ့ ခြေလှမ်းစနေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

Credit To. >>> 7Day News 

0 comments:

Post a Comment