4.12.15

ရထားလုပ်ငန်းအားလုံးနီးပါး အရှုံးပေါ်သဖြင့် ထောက်ပံ့ပေးနေရကြောင်း ပို့ဆောင်ရေးဒုဝန်ကြီးပြော


ရထားလုပ်ငန်း အားလုံးနီးပါးမှာ အရှုံးပေါ်နေသဖြင့် အစိုးရက ထောက်ပံ့ပေးနေရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်သိန်းက ဆိုသည်။
“ရထားလုပ်ငန်းဟာ နိုင်ငံအားလုံးနီးပါးမှာ အရှုံးပေါ်နေတဲ့အတွက် သက်ဆိုင်ရာနိုင်ငံအစိုးရတွေ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းတွေက အရှုံးကိုကျခံပြီး Subsidize လုပ်ပေးနေရကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်” ဟု၎င်းကဆိုသည်။

မြန်မာ့မီးရထားသမိုင်းတစ်လျှောက် စီးပွားရေးအရ မရှုံး-မမြတ်အခြေအနေနှင့် အရှုံးပေါ်သော အခြေအနေ နှစ်ခုသာ ရှိခဲ့ပြီး လွန်ခဲ့သည့် ၁၉၈၉-၉၀ ဘဏ္ဍာရေးနှစ်မှ ၂၀၀၅-၀၆ ဘဏ္ဍာရေးနှစ်အထိသာ အမြတ်ရရှိခဲ့ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။
“ ၂၀၀၆-၀၇ဘဏ္ဍာရေးနှစ်မှစ၍ ကျပ် ၁၂ဒသမ၅ဘီလီယံ အရှုံးပေါ်ခဲ့ရာမှ နှစ်စဉ်ပိုမိုများပြားလာခဲ့ရာ၂၀၁၄-၁၅ဘဏ္ဍာရေးနှစ်တွင် ကျပ်၆၅ဒသမ၄ဘီလီယံအထိ အရှုံးပေါ်ခဲ့ပြီး အသုံးစရိတ်နှင့် ဝင်ငွေအချိုးမှာလည်း ၂၀၅ဒသမ၈၅ရာခိုင်နှုန်းအထိ မြင့်တက်လာတာတွေ့ရပါတယ်” ၎င်းကပြောသည်။
အရှုံးပေါ်ရသည့်အကြောင်းရင်းမှာ ဈေးကွက်ဝေစုကျဆင်းခြင်း၊ မော်တော်ယာဉ်တင်သွင်းမှုစနစ်နှင့် လူစီးယာဉ်များ ဈေးကွက်ဝေစု သိသာစွာ နေရာဝင်ယူမှုအရ ရထားကဏ္ဍ မှေးမှိန်ခဲ့ရကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

Credit To > >> The Voice News 

0 comments:

Post a Comment