15.12.15

မန္တလေး၌ ဆောက်လုပ်ရေး၊ နည်းပညာနှင့် ခေတ်မီနေထိုင်မှုပြပွဲကျင်းပ




မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်း (မန္တလေးတိုင်း ဒေသကြီး)မှ ကြီးမှူး၍ ဆောက်လုပ် ရေး၊ နည်းပညာနှင့် ခေတ်မီနေထိုင် မှုပြပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ ဖွင့်ပွဲမုခ်ဦး၌ ကျင်းပသည်။

အဆိုပါပြပွဲတွင် ဂျပန်နိုင်ငံမှ ထုတ်လုပ်သော လေအေးစက်အမျိုး မျိုး၊ ထိုင်းနိုင်ငံမှ ထုတ်လုပ်သော အိမ် ဆောက်ပစ္စည်းများ၊ တံခါးများ၊ သစ်အချောထည်များ၊ ပါကေးများ၊ ကျောက်ဆည်စက်မှုနယ်မြေမှ ထုတ် လုပ်သော အဆင့်မြင့်မှန်များ၊ ကိုရီးယားနိုင်ငံမှ တင်သွင်းသောအိမ် အလှဆင်ပစ္စည်းများ၊ ရေချိုးခန်းသုံး ပစ္စည်းများ၊ အိမ်သုတ်ဆေးအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းများ၊စက်မှုဇုန်မှထုတ်လုပ်သောဝါယာကြိုးများ၊ မီးငြှိမ်း သတ်ရေးကိရိယာများ၊ မီးသတ်ဆေး ဘူးများ၊ အီတလီနိုင်ငံမှ တင်သွင်း သော ရေစုပ်စက်များ၊ ရေပန့်များ၊ ရန်ကုန်၊ မန္တလေး၊ပြင်ဦးလွင်မြို့များ တွင် တည်ဆောက်လျက်ရှိသော ကွန်ဒိုမီနီယမ်များ၊ လုံးချင်းအိမ်ရာများ အပါအဝင် နိုင်ငံ ၁၂ နိုင်ငံမှ ပြခန်းပေါင်း ၁ဝဝကျော်က နောက်ဆုံးပေါ်နည်းပညာ ဖြင့် ထုတ်လုပ်သော ပစ္စည်းများကို ကုမ္ပဏီများက တိုက်ရိုက်မိတ်ဆက် ပြသရောင်းချပေးလျက်ရှိသည်။
ပြပွဲကိုဒီဇင်ဘာ ၁၄ ရက်မှ ၁၇ရက် အထိ နံနက်၉ နာရီမှ ည ၈နာရီ အထိပြသသွားမည်ဖြစ်ကြောင်း သိရ သည်။

Credit To >>> MOI Webportal Myanmar 

0 comments:

Post a Comment