24.12.15

မလေးရှားဗီဇာဝန်ဆောင်ခ ၁၂ ဒေါ်လာထက်ပိုကောက်လျှင် လုပ်သားပို့ဆောင်မှုတွင် အေဂျင်စီများ အခက်အခဲဖြစ်လာနိုင်ဟုဆို

မလေးရှား ဗီဇာဝန်ဆောင်ခကို ၁၂ ဒေါ်လာ သာ ကောက်ရန်နှင့် ယင်းထက်ပိုပါက အ လုပ်သမားပို့ခြင်းအတွက် အခက်အခဲ ဖြစ်လာနိုင်ပြီး လုံးဝရပ်ဆိုင်းရေး ကိစ္စကို အေဂျင်စီများအား လုံးဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ်(MOEAF) အစည်းအဝေးမှ သိရသည်။

မလေးရှား ဗီဇာဝန်ဆောင်ခနှုန်း ထားများ ဒေါ်လာ ၅၀ အထိမြင့်သွား မည်ဆိုပါက မလေးရှားသို့ အလုပ် သမားပို့ဆောင်မှုကို ရပ်ဆိုင်းသွားနိုင် ဖွယ်ရှိကြောင်း ယင်းအစည်းအဝေးမှ သိရသည်။

ဇန်နဝါရီ ၁ ရက်တွင် စတင် ကောက်ခံမည့် မလေးရှားဗီဇာလျှောက် ထားမှုဝန်ဆောင်ခများနှင့်ပတ်သက် ၍ လက်ရှိတွင် ကောက်ခံမည့်တရား ဝင်နှုန်းထားများ မထွက်သေးသော် လည်း ဒီဇင်ဘာ ၂၃ ရက်တွင် ရန် ကုန်မြို့ ယုဇနဟိုတယ်၌ပြုလုပ်သည့် MOEAF အစည်းအဝေးတွင် အေ ဂျင်စီအချို့မှ ထိုသို့သဘောထားတင် ပြခဲ့ကြသည်။

MOEAF မှ ဦးကိုလေးက''အကယ်၍ ဝန်ဆောင်ခဒေါ်လာ ၅၀ ဖြစ် သွားရင် အလုပ်သမားပို့တာကိုရပ်မယ် ဆိုပြီး သဘောထားတင်းမာတဲ့အေဂျင် စီတွေရှိသလို တချို့ကလည်း ဒေါ်လာ ၂၀ လောက်အထိပေးရင်လည်း ပေး လိုက်ပါ။ လုပ်သားဆီကထပ်မကောက် ဘူးဆိုတဲ့သဘောထားပျော့ပျောင်းတဲ့ သူတွေလည်းရှိတယ်။ အဲဒီလိုရှိတဲ့ဟာ ကို အန်ကယ်တို့က သူ့စကားတော့ နားထောင်မယ်။ သူ့စကားတော့နား မထောင်ဘူးဆိုတာ မျိုးလုပ်လို့မရဘူး။ အဲဒီတော့ အများသဘော ဘယ်လိုရှိ လဲလို့လက်ညှိုးထောင်ပြီး မေး လိုက် တော့ ၁၂ ဒေါ်လာကို အားလုံးက သဘောတူတယ်။ အဲတော့ ၁၂ ဒေါ်လာနဲ့ပဲ ဒီနေ့ စာထုတ်ပြီး သက် ဆိုင်ရာကိုပို့မယ်။ အကယ်၍ ဒါကို ဂရုမစိုက်ဘဲ လုပ်ချင်တာလုပ်မယ်ဆို ရင်ထပ်ခေါ်ပြီး အစည်းအဝေးလုပ် မယ်။ ထပ်ခေါ်လို့ အလုပ်သမားမပို့ တော့ဘူး။ ညီတယ်ဆိုရင်တော့ အလုပ် သမားပို့တာရပ်တော့မယ်။ ရပ်မယ် ဆိုရင်တော့ သုံးဦးသုံးဖလှယ်အကုန် နစ်နာကြတော့မယ်''ဟု ပြောသည်။

အေဂျင်စီများဘက်မှ မလေးရှား သို့ တရားဝင်လုပ်သားပို့ဆောင်ခြင်း မရှိတော့လျှင် ထိုင်းဘက်မှကျော်ကာ အောက်လမ်း (တရားမဝင် လမ်းကြောင်း)မှသွားကြမည်ဖြစ်ကြောင်း၊ လက်ရှိ တွင် တစ်လလျှင် တရားဝင်ခွင့်ပြုမှု လူဦးရေ ၃၀၀၀ မှ ၄၀၀၀ ကြားရှိသော် လည်း ခိုးဝင်သူဦးရေ ၁၀၀၀ ခန့်ရှိ ကြောင်း၊ တရားဝင်လုပ်သားပို့ဆောင် မှုကိုရပ်ဆိုင်းပါက လူဦးရေ ၃၀၀၀ မှ ၄၀၀၀ ကြားခိုးဝင်နိုင်ကြောင်း၊ တရားမဝင်လုပ်သား များပြားလာလျှင် မလေးရှားနိုင်ငံမှ တစ်နှစ်လျှင် နိုင်ငံ ခြားသားတစ်ဦးကို မလေးရှားရင်းဂစ် ၁၂၀၀ ခန့် အခွန်ကောက်ခံရရှိနေမှု ဆုံးရှုံးမည်ဖြစ်ကြောင်း ဦးကိုလေးက ဆက်လက်ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း တရားဝင် သွားရောက်ခွင့်မရရှိသဖြင့် တရားမဝင်နည်းဖြင့် သွားရောက်မှု များပြားလာမည်ဖြစ်ကာ လူမှောင်ခို ဈေးကွက်ကြီးထွားလာမည်ဖြစ်ကြောင်း ဦးကိုလေးက ထောက်ပြသည်။

Royal Gate ပြည်ပအလုပ်အ ကိုင်အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ကိုဇော်မျိုးမြင့်က ''အမှန်ကတော့ တစ် ကျပ်မှကိုမယူသင့်ပါဘူး။ အကောင်း ဆုံးက ထိုင်းလိုမျိုး Visa Free ဖြစ်သင့် တာပါ။ လက်ရှိမှာ မလေးရှားက အာ ဆီယံဥက္ကဋ္ဌလည်းဖြစ်တယ်။ သူကတိ ပေးထားတာတွေလည်းရှိတယ်။ အာ ဆီယံနိုင်ငံတွေကို Visa Free လုပ်ပေး ဖို့လေ။ အဲဒီတော့ အလုပ်သမားတွေ က သူတို့ဘာသာသူတို့ ရွေးချယ်ပေါ့။ ဒီလို Cost တွေ များလာရင် မသွား တာအကောင်းဆုံးပဲ။ တစ်ကမ္ဘာ လုံးရော၊ နိုင်ငံတကာအဖွဲ့စည်းတွေ ရော လက်ခံထားတာ။ အလုပ်သမား လိုတဲ့သူက ကျခံရမှာ အလုပ်သမား ကပေးစရာမလိုဘူး။ ဒါက နိုင်ငံတကာ နားလည်ထားတဲ့ပုံစံပဲ။ မလေးရှားက ပြောင်းပြန်ဖြစ်နေတယ်''ဟု ပြောသည်။

လက်ရှိတွင် မလေးရှားသို့လုပ် သားပို့ဆောင်မှုမှာ နည်းပါးလျက်ရှိ ကြောင်း၊ ရာခိုင်နှုန်းဖြင့်တွက်ပါက တောက်လျှောက်ကျနေပြီး မလေးရှား သို့ပို့ဆောင်သည့် တရားဝင်အေဂျင် စီ စုစုပေါင်း ၂၅၀ ခန့်မှ တစ်လလျှင် လုပ်သား ၃၀၀၀ နှင့်အထက်သာပို့ နိုင်ကြောင်း သို့သော် မလေးရှားနိုင်ငံ အနေဖြင့် လုပ်သားလိုအပ်ချက်သည် လည်းမြင့်တက်လျက်ရှိပြီး နီပေါနိုင်ငံ လုပ်သားများအစား မြန်မာလုပ်သားများကို ပိုမိုခေါ်ယူလာခြင်းဖြစ်ကြောင်း ကိုဇော်မျိုးမြင့်က ဆိုသည်။

Credit To >>> Democracy News

0 comments:

Post a Comment