29.12.13

မိုဘိုင်းလ်ဖုန်း အရောင်းဝန်ထမ်း ဖြစ်သွားသည့် အင်နီယေစတာ

ဖုန်းလာဝယ်သူများသည် ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် သန်းကြွယ်သူဌေးကို ဖုန်းအရောင်း ဝန်ထမ်းတစ်ဦးအဖြစ် တွေ့မြင်ရသည့်အခါ အလွန်အံ့ဩသွားကြသည်

ဘာစီလိုနာ ကွင်းလယ် ကစားသမား အန်းဒရက်စ် အင်နီယေစတာ အနေဖြင့် မိုဘိုင်းလ်ဖုန်း အရောင်းသမားအဖြစ် အလုပ်ပြောင်းသွားကြောင်း

သတင်းများက ဖော်ပြခဲ့သည်။ အင်နီယေစတာသည် ဘာစီလိုနာနှင့် မကြာသေးမီကမှ စာချုပ်သက်တမ်း တိုးမြှင့်ထားသူ ဖြစ်သည်။ တစ်ဖက်တွင် ၎င်းသည် ဘာစီလိုနာမြို့ရှိ ဖုန်းအရောင်းဆိုင် တစ်ခုတွင် ဖုန်းဝင်ရောက်ပေးနေသည်ကိုလည်း တွေ့ရသည်။ ဖုန်းလာဝယ်သူများသည် ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် သန်းကြွယ်သူဌေးကို ဖုန်းအရောင်း ဝန်ထမ်းတစ်ဦးအဖြစ် တွေ့မြင်ရသည့်အခါ အလွန်အံ့ဩသွားကြသည်။ အင်နီယေစတာကမူ ၎င်းလုပ်ဆောင်စရာ ရှိသမျှကို ကျွမ်းကျွမ်းကျင်ကျင်ပင် လုပ်ဆောင်ပြကာ ဖုန်းဝယ်ယူသူများကို အကြံပြု သွန်သင်ပေးခဲ့သည်။

ယင်းအစီအစဉ် တစ်ခုလုံးသည် Sony၏ ကြော်ငြာကဏ္ဍ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ Sonyသည် အသက်(၂၉)နှစ်ရှိ အင်နီယေစတာကို ၎င်းတို့၏ စမတ်ဖုန်းများအတွက် ပုံရိပ်မြှင့်တင်ပေးမည့် သံတမန်အဖြစ် ငှားရမ်း ခန့်အပ်ခဲ့သည်။ ထို့နောက် Sony၏ အရောင်းမြှင့်တင်ရေး အစီအစဉ် တစ်ရပ်တွင် အင်နီယေစတာက ပါဝင် ကူညီခဲ့ခြင်း ဖြစ်သည်။ အင်နီယေစတာသည် ဘာစီလိုနာနှင့် (၂၀၁၈)ခုနှစ်ထိ သက်တမ်းတိုးမည့် စာချုပ်တစ်ရပ်ကို ယခုလအတွင်းကမှ လက်မှတ်ရေးထိုးထားသူလည်း ဖြစ်သည်။

Planet Myanmar Network

0 comments:

Post a Comment