29.12.13

ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး မီဒီယာများ ဝင်ရောက်ခွင့် ပိတ်ပင်

နေပြည်တော်၌ ပြုလုပ်နေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အစည်းအဝေးတွင် ယင်း ပါတီက ထုတ်ဝေသော ပြည်ထောင်စု နေ့စဉ်သတင်းစာ သတင်းထောက်မှလွဲ၍ ပြည်တွင်းပြည်ပ မီဒီယာများကို ဝင်ရောက် သတင်းယူခွင့် ပိတ်ပင်ထားကြောင်း ပြည်တွင်း ပြည်ပ သတင်းထောက်များက တညီတညွတ်တည်း ပြောဆိုကြသည်။

အဆိုပါ ပါတီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လုပ်ငန်းစဉ်များကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှစ၍ နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် အစည်းအဝေး ကျင်းပနေခြင်း ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ သတင်းသမားများကို ဝင်ရောက်ခွင့် ပိတ်ပင်ထားကြောင်း အစည်းအဝေး ဂိတ်စောင့် လုံခြုံရေးအရာရှိက ပြောကြားသည်။
“ပြည်ထောင်စု နေ့စဉ်သတင်းစာက ကားတော့ ဝင်ခွင့်ပေးပါတယ်။ သတင်းစာလာပို့တာ ဖြစ်မှာပါ” ဟု ၎င်းကဆိုသည်။

ယခုရက်ပိုင်းအတွင်း အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီအစည်းအဝေး ကျင်းပနေချိန်တွင် မီဒီယာများကို ဝင်ရောက်ခွင့် ပြုထားပြီး ပြည်ခိုင်ဖြိုး ပါတီက ဝင်ရောက်ခွင့် မပြုခြင်းသည် ပွင့်လင်း မြင်သာမှုကို မျက်ကွယ်ပြုခြင်း ဖြစ်ကြောင်း နေပြည်တော် တွင် ရောက်ရှိနေသည့် သတင်းထောက်များက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ အစည်းအဝေးကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အပြီးသတ် ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ကြောင်း ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment