29.12.13

ပဲခူးတိုင်းဒေသကြီးအတွင်းSave Elephant Foundation Myanmar တည်ထောင်၍ ဆင်များကာကွယ်စောင့်ရှောက်ခြင်းနှင့် ဆင်ဆေးရုံဆောက် လုပ်သွားမည်

ပဲခူးတိုင်းဒေသကြီးအတွင်း Save Elephant Foundation Myanmar တည်ထောင်ပြီး ဆင်များအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဆင်ဆေးရုံတစ်ခုတစ်ခုဆောက်လုပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း Save Elephant Foundation Myanmar ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းကပြောကြားချက်အရ သိရသည်။


“ Save Elephant Foundation Myanmar တည်ထောင်ဖို့ ပြည်ထဲရေးနဲ့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဆီကို တင်ပြထားတယ်။ ဖောင်ဒေးရှင်းရဲ့ အဓိကရည်ရွယ်ချက်က အစိုးရ၊ ပုဂ္ဂလိကနဲ့ တောဆင်ရိုင်းတွေကို ဥပဒေမဲ့ သတ်ဖြတ်ခံနေရတာတွေကို တားဆီးကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ နည်းပညာပေးဖို့ ဆင်တွေရဲ့အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ဖို့ပါ ” ဟု ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။

အဆိုပါဖောင်ဒေးရှင်းမှာ ထိုင်းနိုင်ငံအခြေစိုက် Save Elephant Foundation Myanmar ၏ကူညီထောက်ပံ့မှုဖြင့် တည်ထောင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးဆင်ဖောင်ဒေးရှင်း ဖြစ်ပြီး လတ်တလောတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အစိုးရပိုင်၊ ပုဂ္ဂလိကပိုင်နှင့် တောဆင်ရိုင်းများအား အဓိကကာကွယ်ထိန်းသိမ်းစောင့်ရှောက်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်းရှိ ဆင်များအားလုံးအတွက် ဆောင်ရွက်သွားရန်ရည်ရွယ်ထားကြောင်းသိရသည်။

“ သက်ဆိုင်ရာက ခွင့်ပြုချက်ကျလာရင် ကျွန်တော်တို့ဖောင်ဒေးရှင်းက ဆင်ဆးရုံကိုလည်းဆောက်သွားမှာပါ။ ဆင်ဆးရုံဆောက်ပြီးရင် သက်ကြီးဆင်တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ဆင်တွေရဲ့ နေရေး၊ စားရေး၊ ကျန်းမာရေးတွေကိုလည်း ဖောင်ဒေးရှင်းက အခမဲ့ဆောင်ရွက်သွားမှာပါ ” ဟု ဦးခင်မောင်ဝင်းက ပြောကြားသည်။

ယခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း ၌ အစိုးရဆင်၊ ပုဂ္ဂလိကဆင်နှင့် တောဆင်ရိုင်းများအား အစွယ်ဖြတ်၊ အရေခွံဆုတ်ခွာ၍ သတ်ဖြတ်ခံရမှုများ မကြာခဏဖြစ်ပွားခဲ့ပြီး ပဲခူးရိုးမတောကြီးအတွင်း၌ ဆင်သတ်မုဆိုးများ ကျင်လည်ကျက်စားလျက်ရှိကြောင်း Save Elephant Foundation Myanmar အလုပ်အမှုဆောင် ဆင်ဆေးကုဆရာဝန်ဒေါက်တာလေးဝင်းက ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment