29.12.13

ချယ်ဆီး - လီဗာပူးလ်ပွဲ မတိုင်မီ ထူးခြားချက်များ

ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အဖြစ် ယှဉ်ပြိုင် ကစားကြမည့် ချယ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းတို့ ပွဲစဉ် မတိုင်မီ ဒါဏ်ရာရ ပွဲပါယ် ကစားသမားများ၊ ထူးခြားချက်များကို တင်ပြအပ်ပါသည်။


ချယ်ဆီး ကွင်းလယ်ကစားသမား ရာမီးရက်ဇ်ဟာ ဆွမ်ဆီးအသင်းကို အနိုင်ရခဲ့သည့်ပွဲစဉ်မှာ အဝါကဒ် ပြသခံခဲ့ရသည့်အတွက် အဝါကဒ် ၅ ကဒ် ပြသခံခဲ့ရပြီး ဖြစ်ပြီး ယခုပွဲစဉ်မှာ ပွဲပါယ် ပြစ်ဒါဏ် ကျခံရမည် ဖြစ်သည်။ မော်ရင်ဟိုအနေနှင့် လူစာရင်း အပြောင်းအလဲ လုပ်ဖွယ် ရှိပြီး အစ်ဇ်ပီလီကွေတာကို အက်ရှ်လေ ကိုးလ်နေရာမှာ အသုံးပြုဖွယ် ရှိနေပြီး ဖာနန်ဒို တောရက်စ်အနေနှင့် ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖွယ် ရှိနေသည်။

လီဗာပူးလ်ကစားသမား ဂျွန် ဖလာနဂန်ဟာ တံကောက်ကြောဒါဏ်ရာကြောင့် ထပ်မံ လွဲချော်ဖွယ် ရှိနေသည်။ စတီဗင် ဂျရတ်၊ ဂျို့စ် အန်ရီကေးနှင့် စတားရစ်တို့ကတော့ နှစ်သစ်မတိုင်မီ ပြန်လည် ကစားနိုင်မည် မဟုတ်ပေ။

☻ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၁၃ ပွဲမှာ ချယ်ဆီး အသင်းက ၂ ပွဲသာ အနိုင်ရခဲ့ပြီး ၄ ပွဲ သရေ လီဗာပူးလ်အသင်းက ၇ ပွဲ အနိုင်ရခဲ့သည်။

☻ သို့သော်လည်း ချယ်ဆီးအသင်းအနေနှင့် လီဗာပူးလ်အသင်းကို အနိုင်ရခဲ့သည့် နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲက မော်ရင်ဟို လက်ထက်မှာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

☻ ပြီးခဲ့သည့် နှစ်က ထိပ်တိုက်တွေ့ဆုံမှု ၂ ပွဲစလုံးမှာ လူးဝစ် ဆွာရက်ဇ်က ဒုတိယပိုင်းမှာ ချေပဂိုးများ သွင်းယူခဲ့ခြင်း ဖြစ်သည်။

☻ ချယ်ဆီး အသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၈ ပွဲမှာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့သည်။

☻ ချယ်ဆီး အသင်းဟာ ပေးဂိုးမရှိ ၂ ပွဲဆက် ကစားနိုင်ခဲ့ပြီး ဒီ့အရင် ၁၁ ပွဲမှာ ပေးဂိုးမရှိ တစ်ပွဲသာ ကစားနိုင်ခဲ့သည်။

☻ ဂျို့စ် မော်ရင်ဟိုလက်အောက် ချယ်ဆီး အသင်းဟာ စတမ်းဖို့ဒ် ဘရစ်ခ်ျကွင်းမှာ ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲပေါင်း ၆၉ ပွဲမှာ ၅၄ ပွဲ အနိုင်ရခဲ့ပြီး ရှုံးပွဲ မရှိခဲ့ပေ။

☻ လီဗာပူးလ်အသင်းဟာ နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ် အဝေးကွင်း ၆ ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပြီး ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးနိမ့်ခဲ့သည်။ အနိုင်ရခဲ့သည့် တစ်ပွဲဟာ စပါးကွင်းမှာ ၅ ဂိုးပြတ် အနိုင်ရခဲ့သည့် ပွဲစဉ် ဖြစ်သည်။

☻ လီဗာပူးလ်အသင်းဟာ လန်ဒန်မြေသို့ လာရောက်ကစားခဲ့သည့် နောက်ဆုံး ၁၄ ပွဲမှာ ၂၉ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပျမ်းမျှ တစ်ပွဲ ၂.၀၇ ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

☻ လီဗာပူးလ်အသင်းဟာ နောက်ဆုံးကစားခဲ့သည့် ပြက္ခဒိန် နှစ်တစ်နှစ်၏ အပိတ်ပွဲစဉ် ၉ ပွဲမှာ ပေးဂိုး ၃ ဂိုးသာ ရှိခဲ့သည်။

Written by အောင်စိုးမိုး(နတ်ရွာ)
Football Café

0 comments:

Post a Comment