30.12.13

ထီကျပ်သိန်း ၁၅ဝဝ၏လှည့်ကွက်တစ်ခု(သို့မဟုတ်)ငွေမည်းကိုခဝါချသူများ

လူတိုင်း ကြီးပွားချမ်းသာချင် ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။
မြန်မြန်ကြီးပွားချမ်းသာလိုသူတို့က လောင်းကစားကိုလုပ်၍ စီးပွား ပျက်၊ ဘဝပျက်၍ နာလန်မထူနိုင် သောအဖြစ်သို့ရောက်ရသူများလှ ၏။ တစ်လုံး၊ ဘောလုံး၊ နှစ်လုံး ထီ၊ သုံးလုံးချဲတို့ကို အလွယ်တကူ ကံစမ်းနေကြ၏။ နိုင်ငံတော်အစိုးရ ကလောင်းကစားဥပဒေများသတ် မှတ်၍ အရေးယူနေချိန်တွင် တစ် ဖက်ကလည်း ပြည်သူတို့အတွက် တရားဝင်ကံစမ်းနိုင်ရန် အောင်ဘာ လေသိန်းထီရှိနေပြီဖြစ်သည်။



မိမိတို့ကံကို လစဉ်ကံစမ်းနိုင် ကြပြီဖြစ်၏။ အောင်ဘာလေသိန်း ထီမှလည်း ထီဆုကြီးများကို တိုး မြှင့်ဖွင့်လှစ်၍ ဆုမဲပေါင်းများစွာပေး နေသည်မှာ အားရစရာပင်ဖြစ်သည်။ ထီဆိုင်ကြီးများကလည်း ထီထိုးသူ များကို မက်လုံးပေး၍ အမျိုးမျိုးဆွဲ ဆောင်ကြ၏။ ကံစမ်းမဲ၊ မင်္ဂလာ စုံတွဲ၊ ကံပွင့်ဂဏန်း ၅ဝ စောင်ထီ၊ ၁၁ မီးငြိမ်းဖို့ ၁၁မြွှာရှယ်ထီ စသည် ဖြင့် စည်းရုံးသကဲ့သို့ အထူးဆု ကျပ်သိန်း ၁၅ဝဝ ၏ အက္ခရာနှင့် ရှေ့ဂဏန်းနှစ်လုံး အစဉ်လိုက်တူ မိတ်သဟာပူးတွဲဆုများအား တစ်ဆု လျှင် ကျပ် ၅ဝဝဝဝပေး၍ ထီပေါက် သူတို့ကိုတိုးစေပြန်၏။
နိုင်ငံတော် အစိုးရကမည်သို့ပင် ဈေးနှုန်းသတ် မှတ်စေကာမူ တစ်စောင်လျှင် ကျပ် ၃ဝဝဖြင့်သာ ဝယ်ယူကံစမ်းနေကြရ ပါသည်။ မည်သူမှ လျှော့မရောင်း ကြပါ။ ထီလက်မှတ်များကို ကံစမ်းမဲအသွင်ပြောင်း၍ နယ်လှည့် ရောင်းကြ၏။

ကံစမ်းမဲပါ ထီ လက်မှတ်အတွဲများကို ဈေးနှုန်း တင်၍မြှင့်ရောင်းသည်၊ သူ့တုတ်နှင့် သူပြန်ရိုက်ခိုင်းသလိုပေါ့။ ထီကို လစဉ်ကံစမ်းကြသူများတွင် ညောင် လေးပင်မြို့မှတစ်ဦးသည် သူဌေး လောင်းဖြစ်ဖို့ ကံစမ်းရင်း ပြောင်းလဲ သွားမည့်ဘဝကိုမျှော်လင့်ပြီး ထီ လက်မှတ်ကိုကိုင်၍ စိတ်ကူးယဉ် နေမိသည်။ (၂၂၉)ကြိမ်မြောက် တွင်(စ-၂၄၃၆၄၃) ထီလက်မှတ်မှာ အထူးဆုကျပ်သိန်း ၁၅ဝဝဖြစ်ရာ ထီပေါက်သူကို စုံစမ်းသည့်အခါ ညောင်လေးပင်မြို့ မြို့မ(၂)ရပ်ကွက် တိုးချဲ့(၄)လမ်းမှ အမျိုးသားတစ်ဦး ဖြစ်နေရာ ထီပေါက်သူကံထူးရှင် အား ပဲခူးမြို့တွင် နာမည်ပျက် မရှိဘဲ အနှစ် ၄ဝကျော် ရပ်တည် လာသည့် ပင်ရင်းထီဆိုင်မှ ညတွင်း ချင်း ညောင်လေးပင်မြို့သို့ သွား ရောက်ပြီး ကံထူးရှင်အား ပဲခူးမြို့ သို့ခေါ်ဆောင်လာရာ ကံထူးရှင် ကို သိန်း ၁၅ဝဝ ပေါက်လျှင် ရရှိ မည့်အကျိုးခံစားခွင့်များကို သေချာ စွာ မရှင်းပြသလို ရန်ကုန်အောင် ဘာလေသိန်းဆုဌာနခွဲတွင် ဆုငွေ သွားထုတ်လျှင် လမ်းစရိတ်ကုန် မည်၊ အချိန်ကာလ နှစ်လကျော် ကြာမြင့်မည်။ ဆုငွေရပါက ညစာ စားပွဲကို သိန်း ၂ဝဝကျော်ကုန်ကျ ခံကာ ကျင်းပပေးရမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ကံထူးရှင်မှာလည်း အချိန်ကုန်ငွေကုန်လူပန်းဖြစ်မည့် အတူ မိမိတို့က ကျပ်သိန်း ၁၅ဝဝ ထုတ်ပေးမည်၊ ခင်ဗျား ထီလက်မှတ် ကို ကျုပ်တို့ကိုလွှဲပေးရုံပါပဲ''ဟု ပြောဆိုစည်းရုံးသဖြင့် စိတ်ရှုပ်မခံ သော ကံထူးရှင်သည် ရန်ကုန်တွင် ငွေကျပ်သိန်း၁၅ဝဝ သွားမထုတ် တော့ဘူး၊ ခင်ဗျားတို့ပေးတဲ့ သိန်း ၁၅ဝဝ ကိုပဲ ယူမည်ဟုပြောသော အခါ ပဲခူးပင်ရင်းထီဆိုင်မှ စရန်ငွေ ကျပ် သိန်း ၂ဝ အား ညတွင်းချင်း ပေးလိုက်၏။
နောက်တစ်နေ့တွင် ကျန်ငွေ ကျပ်သိန်း ၁၄၈ဝ ကို ပဲခူးမြို့မှ
ညောင်လေးပင်မြို့ရှိ ပုဂ္ဂလိက ဘဏ် တစ်ခုသို့ လွှဲပြောင်းပေးခဲ့ သည်။ နောက်တစ်ပတ်အကြာတွင် ပဲခူး ပင်ရင်းထီဆိုင်ရှေ့ ကြော်ငြာ ဆိုင်းဘုတ်တွင် ကျပ်သိန်း ၁၅ဝဝ ကံထူးရှင်သည် မူလကသူမဟုတ် ဘဲ ဗိုလ်တထောင်မှတ်ပုံတင်ဖြင့် အခြားသူတစ်ယောက်ဖြစ်နေသည် ကိုတွေ့ရှိရ၏။ ထီအရောင်းကိုယ် စားလှယ်မှာလည်း ညောင်လေးပင် မြို့မှ ကိုယ်စားလှယ်မဟုတ်တော့ ဘဲ ပဲခူးပင်ရင်းထီဆိုင်ပိုင်ရှင်၏ သားကြီးဖြစ်နေသည်ကိုတွေ့ရှိရ သည်။ ငွေကျပ်သိန်း ၁၅ဝဝတကယ် ပေါက်သူ ကံထူးရှင်မှာ နားမလည် သဘောမပေါက်သည်မှာ ရရှိသည့် ဆုငွေအပေါ် ဝင်ငွေခွန်ပေးဆောင် ရန်မလိုတော့ခြင်းဖြစ်သည်။ သူ တကယ်ရရှိလိုက်သော ငွေကျပ် သိန်း ၁၅ဝဝသည် ပြည်တွင်းအခွန် များ ဦးစီးဌာနသို့ ဝင်ငွေခွန်ပေး ဆောင်ရမည့်ငွေဖြစ်သွားသည်ကို မသိ၊ စီးပွားရေးလုပ်ငန်းရှင်တို့က ငွေမည်းကို ငွေဖြူအသွင်ပြောင်း လိုက်သည်ကို မသိနားမလည်ဖြစ်ခဲ့ ရ၏။ မသိနားမလည်သော ဆင်းရဲ သားပြည်သူတို့ကို ခုတုံးလုပ် နား လှည့် ခြိမ်းလုံးခြောက်လုံးသုံး ကိုယ်ကျိုးကိုသာ ကြည့်တတ်သူ တို့၏ လုပ်ဇာတ်တစ်ခုပင်ဖြစ်ခဲ့ သည်။ နစ်နာသူတို့နစ်နာပြီး နား လည်သောစီးပွားရေးလုပ်ငန်းရှင် တို့သာ အဆင်ပြေအမြတ်ရသွား သော ဇာတ်လမ်းတစ်ခုသာဖြစ်၍ အောင်ဘာလေသိန်းဆုဌာနအနေ ဖြင့် သူတို့နှင့်မဆိုင် ထီလက်မှတ် ကို ဝယ်၊ ရောင်း၊ ပျောက်ဆုံးနှင့် မပတ်သက်၊ ထီလက်မှတ် လက် ဝယ်ရှိသူသာ ငွေထုတ်ခွင့်၊ ဝင်ငွေ ခွန်ကင်းလွတ်ခွင့် ရှိနေခြင်းကို အငြင်းပွား၊ ကန့်ကွက်နေခြင်း မဟုတ်ပါ။ မသိနားမလည်သော ပြည်သူကို အသိပေးသင့်၊ ပညာ ပေးသင့်သော အကြောင်းအရာ တစ်ခုအဖြစ် တင်ပြရေးသားရခြင်း သာဖြစ်သည်။ လူအချင်းချင်း လှည့်ပတ်ခြင်းမှ ကင်းဝေးကြ ပါစေ။

The Union Daily

0 comments:

Post a Comment