8.3.14

ခရီးသည် ၂၀၀ ကျော်တင်ဆောင်လာသော MH370 မလေးရှားလေကြောင်းလိုင်းနှင့် အဆက်အသွယ် ပြတ်တောက်

ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းသော ခရီးသည် ၂၃၉ဦးပါ မလေးရှာလေကြောင်းလိုင်း လေယာဉ်အမှတ် MH370၊ ဘိုးရင်း ၇၇၇ ပြတ်တောက်ပြီး ပျောက်ဆုံးလျှက်ရှိကြောင်း မလေးရှားလေကြောင်းလိုင်းထံမှ သိရသည်။


`လောလောဆယ် အအဲဒီလေယာဉ် ဘယ်ဆီရောက်နေတယ်ဆိုတာ ကျွန်တော်တို့ ဘာမှမပြောနိုင်ဘူး´ မလေးရှားလေကြောင်းလိုင်း ဆက်သွယ်ရေးထိန်းချုပ်စခန်း ဒုဥက္ကဌ ဖျုအက်ရှာရူဂျီက CNN ကိုပြောသည်။

လေယာဉ်ပေါ်တွင် ပါရှိသူများမှာ ၁၃ နိုင်ငံမှ နိုင်ငံသားများဖြစ်သည်။ ပျောက်ဆုံးချိန်၌ အဆိုပါလေယာဉ်သည် ၇ နာရီ ၃၀မိနစ်ခန့်ပျံသန်းရန်လုံလောက်သော လောင်စာဆီတင်ဆောင်ထားကြောင်း ဖျုအက်က ပြောသည်။

သတင်းထုတ်ပြန်ချက်အရ မလေးရှား လေကြောင်းလိုင်းသည် ရှာဖွေကယ်ဆယ်ရေးတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရံက်လျှက်ရှိသည်ဟု သိရသည်။
ယင်း သတင်းထုတ်ပြန်ချက်တွင် `ကျွန်တော်တို့ လေယာဉ်နဲ့ အခုလိုအဆက်အသွယ်ပြတ်သွားတာကို လုံးဝစိတ်မကောင်းပါဘူး´ဟု CEO အာမက်ဂျွာဟာရီယာယာက ပြောသည်။

လေကြောင်းလိုင်းက ခရီးသည်များ၏ ဆွေမျိုးများကို ကြိုးစားဆက်သွယ်နေကြောင်း သိရသည်။
စင်ဟွာသတင်းဌာနဖေါ်ပြချက်အရ MH370 သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ လေကြောင်းထိန်းချုပ်ရေး ဧရိယာပေါ် ဖြတ်သန်းနေစဉ် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်ဟု ဖော်ပြသည်။

၂၀၁၃ ခုနှစ်က ခရီးသည် ၂၉၁ ဦးပါ Air Asiana လေကြောင်း၏ ဘိုးရင်း ၇၇၇ တစ်စီးသည် ဆန်ဖရန်စစ်ကိုအပြည်ပြည်ဆိုင်ရာလေယာဉ်ဆိပ်၌ မတော်တဆမှုတစ်ခုဖြစ်၍ လူ ၃ဦးသေဆုံးပြီး အများမပြား ဒဏ်ရာရရှိခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment