8.3.14

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


8.3.2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌KNU ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌစောမူတူးဆေးဖိုး ခေါင်းဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး KNU ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌနှင့်အတူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်သော
စောရော ဂျာခင်၊ ပဒိုမန်းငြိမ်းမောင်၊ စောတာဒိုမူးနှင့် နိုင်ငံရေး၊ စစ်ရေးအကြံပေး စောထူးထူးလေးတို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထာဝရငြိမ်းချမ်း ရေးရရှိစေရန်အတွက် တပ်မတော်၏ ဆန္ဒသဘောထား (၆)ချက်ပေးထားပြီး ဖြစ်၍လေးစားလိုက်နာစေလိုကြောင်း၊ ထို့ပြင် နှစ်ဖက်လုံးမှလည်း ဒို့တာဝန် အရေး(၃)ပါးကို စောင့်ထိန်းရန် သဘောတူထားကြောင်း၊ ဥပဒေနှင့်အညီ ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန်စသည်တို့အားရှင်းလင်းအသိပေးထားပြီးဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်အစိုးရ၏အုပ်ချုပ်မှုယန္တရား မပျက်ပြားစေရေးတို့အပေါ် မူတည်ပြီး လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် အပစ်အခတ်ရပ်ဆိုင်းထားရာမှ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ကိုင်စွဲလျက် ယုံကြည်ချက် ခိုင်မာစွာဖြင့် မဖြစ်မနေရှေ့ဆက်လျှောက်လှမ်းသွားကြရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကငြိမ်းချမ်းရေးဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍အမြင်ချင်းဖလှယ်ခဲ့ကြကြောင်းသတင်းရရှိသည်။

MWD

0 comments:

Post a Comment