22.3.13

အာဆင်နယ် နည်းပြ ၀င်းဂါးသည် ၀ီရှိုင်းယားကို ရာသီကုန်ခါနီး ခြေစမ်းပွဲများတွင် ထည့်သွင်း ရွေး ချယ်ခြင်းနှင့် ပတ်သက်၍ အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်နှင့် ဆွေးနွေးမည် ဖြစ်သည်။ အင်္ဂလန် အသင်းသည် အာဆင်နယ် အသင်း၏ နယူးကာဆယ်နှင့် ရာသီ နောက်ဆုံး ပွဲအပြီး ၁၀ ရက်အကြာ မေလ ၂၉ ရက်နေ့တွင် အိုင်ယာလန် အသင်းနှင့် ကစားမည်ဖြစ်ပြီး ဇွန်လ ၆ ရက်နေ့တွင် ဘရာဇီး အသင်းနှင့် အဝေးကွင်း ခြေစမ်းပွဲ အဖြစ် ကစားမည်ဖြစ်သည်။ 
 ယင်းနှစ်ပွဲစလုံးမှာ ခြေစမ်းပွဲများ ဖြစ်နေပြီး အင်္ဂလန် အသင်း၏ လူစာရင်းကို FA အနေဖြင့် ၀ီရှိုင်းယား၏ အမည်ကို ထည့်သွင်းခြင်း မပြုရန် ၀င်းဂါးက မျှော်လင့်နေပြီး ယင်းအတွက် အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်နှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။ ၀ီရှိုင်းယားသည် ဖေဖော်ဝါရီလက ဘရာဇီးကို ၂း၁ ဖြင့် အနိုင်ရခဲ့သော ခြေစမ်းပွဲစဉ်တွင် အင်္ဂလန် အသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခြင်းကို စိတ်ပျက်နေခဲ့သည်။ 
ဒဏ်ရာပြဿနာများကြောင့် ၁၇ လခန့် နားခဲ့ရသ်ာလည်း အာဆင်နယ် အသင်းသည် မတ်လ ၃၀ ရက်နေ့ ရီးဒင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် ၀ီရှိုင်းယားကို ပါဝင်ရန် မျှော်လင့်နေသော်လည်း အဆိုပါ ကွင်းလယ်လူမှာ ဧပြီလ ၆ ရက်နေ့ ၀က်စ်ဘရွန်းနှင့် ပွဲသို့မဟုတ် ယင်းပွဲစဉ်နောက် ၇ ရက် အကြာတွင် ကစားမည့် နောဝှစ်ခ်ျ အသင်းနှင့် ပွဲစဉ်၌သာ ပါဝင်နိုင်ချေ ရှိနေသည်။ အာဆင်နယ် အသင်းမှ ဂိုးသမားဖြစ်သူ ရှက်ဇ်နီ၏ ဖခင်ဖြစ်သူကလည်း အသင်းနည်းပြ ၀င်းဂါး၏ ဖိအားပေးမှုများကြောင့် သားဖြစ်သူ၏ လက်စွမ်းများ ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

0 comments:

Post a Comment