22.3.13

နည်းပြ ထုတ်ပယ်မှု အပေါ် စိတ်ပျက်နေသော LMA

လိဂ်မန်နေဂျာများ အစည်းအရုံး LMA သည် ယခုရာသီ ဘောလုံးလောကတွင်း ကလပ် အသင်း အသီးသီးမှ နည်းပြများ ထုတ်ပယ်ခံရခြင်းအပေါ် အလွန်စိတ်ပျက်နေသည်။ LMA အမှုဆောင်ချုပ် ရစ်ချက်ဘီဗန် က နောက်ဆုံး ထုတ်ပယ်ခံရသော ဘလက်ဘန်း အသင်းမှ နည်းပြ အက်ပလီတန် အပါအ၀င် နည်းပြများ ထုတ်ပယ်ခံရခြင်းမှာ ၅ နှစ် အတွင်း အများဆုံး ဖြစ်နေကြောင်း ဆိုသည်။ ယခုနှစ် ရာသီတွင် သက်ဆိုင်ရာ ကလပ် အသင်း အသီးသီးမှ နည်းပြ စုစုပေါင်း ၁၀၃ ဦးခန့်မှာ အလုပ်လက်မဲ့ ဖြစ်သွားပြီ ဖြစ်သည်။ ဘီဗန်က ယခုလို ထုတ်ပယ်ခံရမှုများမှာ ဘောလုံးလောက အတွက် စိတ်ပျက်စရာကောင်းပြီး မမျှတ ရာ ရောက်ကြောင်း ဆိုသည်။ ပထမတန်း ကလပ်အသင်း စတီဗန်နေ့ခ်ျ အသင်းမှ နည်းပြ ဂယ်ရီစပိဒ် အပါအ၀င် နောက်ဆုံး ထုတ်ခံရသည့် နည်းပြ စုစုပေါင်းမှာ ၃၃ ဦး အထိရှိလာခဲ့သည်။ LMA မှ အဆို အရ နှုတ်ထွက်သူ နည်းပြ ၁၄ ဦး ရှိပြီး ထုတ်ပယ်ခံရသော နည်းပြမှာ ၆၀ ခန့် ရှိကြောင်း သိရသည်။

ပရီးမီးယားလိဂ် နည်းပြ ၄ ဦးဖြစ်သော ချဲလ်ဆီးမှ ဒီမက်တီယို အပြင် ရီးဒင်းမှ ဘရိုင်ယန် မက်ဒီမော့ ၊ ဆောက်သင်တန်မှ နီဂယ် အက်ဒ်ကင်နှင့် ကျူပီအာမှ မာ့ခ်ဟုခ်ျတို့မှာ ယခုရာသီတွင် ထုတ်ပယ် ခံခဲ့ရသည်။ ချန်ပီယံရှစ်တွင်လည်း နည်းပြ စုစုပေါင်း ၁၇ ဦးခန့် ထုတ်ပယ် ခံခဲ့ရပြီး ပထမတန်းနှင့် ဒုတိယတန်းတွင် နည်းပြ ရာထူးကို ဆုံးရှုံးခဲ့ရသူ ၂၆ ဦး အထိ ရှိလာခဲ့သည်။ နော်တင်ဟမ်ဖောရက်စ် အသင်းသည် လွန်ခဲ့သည့် ဇူလိုင်လ နောက်ပိုင်း နည်းပြ ၃ ဦး ခန့်အပ်ကာ ဘလက်ပူးလ် အသင်းမှာလည်း ခရစ္စတယ် ပဲလေ့စ် အသင်းကို ကိုင်တွယ်ရန် ရာထူးမှ နှုတ်ထွက် သွားသော နည်းပြ ဟော်လိုဝေး နေရာ တွင် ပေါလ်အင့်ကို အသင်း၏ တတိယမြောက် နည်းပြ အဖြစ် ခန့်အပ်ခဲ့သည်။

0 comments:

Post a Comment