22.3.13

စားပွဲတင် တင်းနစ် ပြိုင်ပွဲမှာ လက်စွမ်းပြနေသည့် ရီးရဲလ် ကစားသမားများ

ရီးရဲလ် အသင်းမှ ကစားသမား ၄ ဦးသည် ကလပ်ပွဲများ ရပ်နားထားချိန်မှာ စားပွဲတင် တင်းနစ် ယှဉ်ပြိုင်နေကြပြီး လက်စွမ်းပြလျက်ရှိကြောင်း သိရသည်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲများကြောင့် ကလပ် ပွဲစဉ်များ ခေတ္တနားထားစဉ်မှာ ရီးရဲလ်မှ မိုဒရစ် ၊ ခါဒီရာ ၊ အက်ဆီယန်နှင့် ကာဗယ်ဟိုတို့သည် တိုက်တင်းနစ် စားပွဲတင် တင်းနစ် ပြိုင်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်နေကြတာ ဖြစ်သည်။ ၂ ယောက် တစ်သင်း ပြိုင်ပွဲမှာ မိုဒရစ်နှင့် ခါဒီရာက တစ်သင်း ၊ ချဲလ်ဆီးကစားသမားဟောင်း အက်ဆီယန်နှင့် ကာဗယ်ဟိုတို့က တစ်သင်း ပါဝင်ခဲ့ပြီး ထို ၂ သင်း ပြန်လည်ဆုံတွေ့ခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ်မှာ မိုဒရစ်နှင့် ခါဒီရာတို့ အသင်းက အက်ဆီယန်နှင့် ကာဗယ်ဟိုတို့ အတွဲအား ၂၁ မှတ် ၁၉ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ထိုပွဲစဉ်များ သည် အပျော်တမ်း ပွဲစဉ်များသာ ဖြစ်ပေမယ့် ရီးရဲလ် ကစားသမားများ၏ ပွဲစဉ်မှာ အကြိတ် အနယ် ရှိခဲ့ပြီး စားပွဲတင် တင်းနစ်တွင် ထူးချွန်သူများ အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ထို့ကြောင့် သူတို့အား ဘောလုံး ကစားသမား ဘ၀မှ အနားယူပါက တင်းနစ် လောကသို့ ၀င်ရောက်မလားဟု ကျီစယ် မေးမြန်းခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment