22.3.13

Google ဥက္ကဌနှင့် တွေ့ဆုံပွဲ လူဦးရေ ကန့်သတ်မည်

မြန်မာ နိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်မည့် Google ဥက္ကဌနှင့် တွေ့ဆုံမည့် အခမ်း အနားသို့ တက်ရောက် နိုင်သည့် လူဦးရေ ကန့်သတ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်း အနားအား လာမည့် မတ်လ (၂၂) ရက် နံနက် ၉ နာရီ အချိန်တွင် MICT Park အစည်း အဝေး ခန်းမ၌ ကျင်းပ မည်ဖြစ်ပြီး လူဦးရေ (၃၀၀)ခန့်သာ ၀င်ရောက်ခွင့် ပြုသွား မည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ သိရသည်။

“ခန်းမထဲမှာ မိုးတိုး မတ်တပ်ရပ်ပြီး ကြည့်တာ မျိုးကိုတော့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူ့ ကိုမှ ၀င်ခွင့်ပြု တယ်ဆိုပြီး ကန့်သတ် ထားမှာမျိုး မရှိပါဘူး၊ စောစော စာရင်းသွင်းပြီး ခန်းမထဲမှ ထိုင်ခုံအရှိပဲ လက်ခံထားသွားမှာပါ” ဟု မြန်မာ ကွန်ပျူတာ အသင်း ချုပ်မှ ဒေါ်ချောခင်ခင်က ပြောသည်။ သို့သော် ခန်းမ ထဲသို့ ၀င်ရန် ဖြတ်သန်း ရမည့် အခန်း (lobby)နှင့် မြက် ခင်းပြင် နေရာများ၌ ပရိုဂျက် တာဖြင့် ဗီဒီယို တိုက်ရိုက် ပြထားမည် ဖြစ်ပြီး ခန်းမသို့ ၀င်ခွင့် မရသည့် သူများအတွက် ထိုင်ခုံများ ခင်းကျင်း ပေးထား မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေ့၌ အမေရိကန် သံအမတ်ကြီးမှ အဖွင့် နှုတ်ဆက် စကား ပြောကြား ပေးသွားမည် ဖြစ်ပြီး Google ဥက္ကဌ Mr. Eric Schmidt နှင့် အဓိက အနေဖြင့် အင်တာနက်ဖြင့် တိုင်းပြည် တိုးတက်မှုများ မည်ကဲ့သို့ လုပ်ဆောင် နိုင်မည် ဖြစ်သည့် ကိစ္စ များအား ဦးစားပေးဆွေးနွေး မည် ဖြစ်သည်။ ထို့အပြင် လူငယ်ခေါင်းဆောင် (၅)ဦးခန့် နှင့် တွေ့ဆုံ မေးမြန်း မှုများ ပြုလုပ်ခြင်း ကဏ္ဍ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment