22.3.13

ခြေစစ်ပွဲမှ နုတ်ထွက်ခဲ့သည့် ဘရူနိုင်းအသင်း

ဘရူနိုင်း လက်ရွေးစင် ဘောလုံးအသင်းသည် 2014 AFC Challenge Cup ခြေစစ်ပွဲသို့ ၀င်ရောက်မယှဉ်ပြိုင်ဘဲ တရားဝင် နုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။ ဘရူနိုင်း အသင်းသည် AFC Challenge Cup ခြေစစ်ပွဲ အုပ်စု(E) တွင် အိမ်ရှင်ဖိလစ်ပိုင်၊ တာ့ခ်မင်နစ္စတန်၊ ကမ္ဘောဒီးယား အသင်းများနှင့် တစ်အုပ်စုထဲ ကျရောက်နေပြီး အဆိုပါအုပ်စု (E) ပွဲစဉ်များကို လာမည့် မတ် ၂၂ ရက်တွင် စတင်ကစားမည်ဖြစ် သည်။ ဘရူနိုင်းနိုင်ငံ ယဉ်ကျေးမှု၊ လူငယ်ဖွံ့ဖြိုးရေးနှင့် အားကစားဝန်ကြီးဌာန လက်ထောက်အတွင်းရေးမှူး ဂျာဖာက “ ရှောင်လွှဲလို့ မရနိုင်တဲ့ အခြေအနေ များကြောင့် လာမယ့် မတ် ၂၂ ရက် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် AFC Challenge Cup ခြေစစ်ပွဲမှာ နုတ်ထွက်ခဲ့တာပါ”ဟု ပြောကြား ခဲ့သည်။ ဘရူနိုင်း အသင်းသည် ပြီးခဲ့သည့် ၂၀၁၂ ဆူဇူကီးဖလား ခြေစစ်ပွဲတွင် ကမ္ဘောဒီးယားအသင်းအား ၃-၂ ဂိုး၊ တီမောအသင်းအား ၂-၁ ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာအသင်းအား ၁-၀ ဂိုး၊ လာအိုအသင်းအား ၃-၁ ဂိုးတို့ဖြင့် ရှုံးနိမ့်ခဲ့ပြီး လေးပွဲကစား နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံး ရမှတ် ၆ မှတ်ဖြင့် ခြေစစ်ပွဲမှ ထွက်ခဲ့ရသည်။ ဘရူနိုင်းအသင်းသည် AFC Challenge Cup ခြေစစ်ပွဲမှ နုတ်ထွက်ခဲ့သဖြင့် အိမ်ရှင်ဖိလစ်ပိုင်၊ တာ့ခ်မင်နစ္စတန်၊ ကမ္ဘောဒီးယား စသည့် အသင်းသုံးသင်းသာ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

0 comments:

Post a Comment