22.3.13

ဥရောပ ပြိုင်ပွဲမှာ ဆက်လက် ပါဝင်ခွင့် ရလိုသည့် မာလာဂါ

မာလာဂါ အသင်း၏ အထွေထွေ မန်နေဂျာဖြစ်သူ ကာဆာဒိုက မာလာဂါ အသင်းသည် အခက်အခဲများကို အကောင်းမြင်စိတ်ဖြင့် ဖြေရှင်း ကြိုးစားခဲ့ခြင်းကြောင့် အခုလိ အောင်မြင်ရခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။
ထို့အပြင် သူက ယခုခါမှာ မာလာဂါ အသင်းအား ပြိုင်ပွဲများမှာ အခွင့် အရေးများစွာရှိသည့် အသင်းဖြစ်ကြောင်း ချီးကျူးခဲ့သည်။ မာလာဂါ အသင်းသည် ဘဏ္ဍာရေး စနစ်သစ်ကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလက UEFA ၏ ဥရောပပြိုင်ပွဲများ ၀င်ရောက်ခွင့် ၁၂ နှစ် ပိတ်ထားခံရသည့် အသင်း ဖြစ်ပေမယ့် သူတို့ရဲ့ အယူခံ တင်သွင်းမှု အောင်မြင်တာကြောင့် ယခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မာလာဂါ အသင်းအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို လာမည့် မေလ ၁၄ ရက်မှာ ချမှတ်တော့မှာ ဖြစ်ပြီး ထို့အတွက် အသင်းအပေါ်မှ ပြစ်ဒဏ်အား လုံးဝ ဖယ်ရှားနိုင်မည်ဟု မာလာဂါ အသင်းက ယုံကြည်နေသည်။ မာလာဂါ အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဒေါ့မွန် အသင်းနှင့် တွေ့ဆုံနေတာ ဖြစ်သည်။

0 comments:

Post a Comment