19.5.16

မြန်မာနိုင်ငံသားအားလုံးအတွက် မြန်မာတောင်တက်သမားများက ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ အခုလိုမျိုး ဂုဏ်ယူစရာ အချိန်မှာ ကြီးမားတဲ့ အောင်မြင်မှုကြီးကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ညီ ငယ်တောင်တက်သမား သုံးဦးစလုံးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြခဲ့တဲ့ အတွက် မိမိ အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောကြား

မြန်မာနိုင်ငံသားအားလုံးအတွက် မြန်မာတောင်တက်သမားများက ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ အခုလိုမျိုး ဂုဏ်ယူစရာ အချိန်မှာ ကြီးမားတဲ့ အောင်မြင်မှုကြီးကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ညီ ငယ်တောင်တက်သမား သုံးဦးစလုံးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြခဲ့တဲ့ အတွက် မိမိ အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ တိုင်းပြည်ဂုဏ်ဆောင်ခဲ့တဲ့ ညီငယ်တောင်တက်သမား (၃)ဦးလုံးကို မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ် နာယကဖြစ်တဲ့ မိမိအနေနဲ့လည်း ချီးကျုး ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။

ဧ၀ရတ်တောင်ထိပ်အထိ တက်ရောက်ခဲ့တဲ့ ညီငယ် တောင်တက်သမား ကိုပြည့်ဖြိုးအောင်(ခ)ပိုးပင်နဲ့ ကိုဝင်းကိုကိုတို့ နှစ်ယောက်၊ နောက်ပြီး နှလုံးခုန်နူန်း ၁၈၀ ဖြစ်နေတဲ့အပြင် သွေးထဲမှာ အောက်ဆီဂျင် ပါဝင်မှု ရာခိုင်နူန်း နည်းလွန်းနေတာကြောင့် (risk) သိပ်များနေတယ်၊ တောင်မတက်ပါနဲ့လို့ ဆရာဝန်တွေရဲ့ တားမြစ်မှုကြောင့် တောင်ခြေစခန်း (base camp) မှာ နေပြီး (walkie-talkie) တစ်လုံးနဲ့ တစ်ချိန်လုံး ကူပေးနေတဲ့ ကိုညီညီအောင် (ခ)ဒိုးလုံး တို့ကို အသိအမှတ်ပြု ဂုဏ်ပြုချီးကျူးအပ်ပါတယ်။
ကိုညီညီအောင်ကို မိမိ ရဟတ်ယာဉ် မတော်တဆ ဖြစ်စဉ်က အတူပါခဲ့တဲ့ မဒွယ်မိသားစုဝင်အစ်ကိုကြီး ကိုသက်ထွန်းကိုယ်တိုင် ရဟတ်ယာဉ်နဲ့ သွားခေါ်ခဲ့သော်လည်း သူ မလိုက်ခဲ့ဘဲ ရဲဘော်ရဲဘက်စိတ်နဲ့ Base Camp မှာ တောင်ထိပ်တက်မယ့် နှစ်ယောက်ကို ကူညီဖို့ နေခဲ့ပါတယ်။
ကျန်းမာရေး အခြေ အနေကြောင့် တောင်ခြေမှာပဲ နေခဲ့ရပေမယ့်
တောင်တက် အားကစားရဲ့ အဖွဲ့လိုက် (team work) လုပ်ဆောင်မှုရဲ့ အရေးပါမှု နဲ့ အနှစ်သာရကို သူ ကောင်းစွာ သဘောပေါက်ထားတယ်လို့ မိမိယုံကြည်ပါတယ်။
သူတို့ သုံးဦးစလုံးဟာ နိုင်ငံသား အား လုံးကို ကိုယ်စားပြုပြီး ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင် အောင်နိုင်ရေးအတွက် ကြိုးပမ်းပေးခဲ့ကြတာပါ။ ဒါကြောင့် သူတို့ သုံးဦး ဆောင်ကြဉ်းလာပေးတဲ့ အောင်မြင်မှု၊ပျော်ရွှင်မှုတွေကို ခံစားရင်း မြန်မာနိုင်ငံသားအားလုံးက အသိအမှတ်ပြု ဂုဏ်ယူပေးကြ ပါလို့ မိမိအနေနဲ့ တောင်းဆိုချင်ပါတယ်။
မိမိအနေနဲ့ ဘာကြောင့် ပြည်တွင်းပြည်ပ တောင်တက်အဖွဲ့တွေကို ကူညီနေလဲဆိုတဲ့ အကြောင်းကို ပြည်သူတွေကိုလည်း သိစေချင်မိပါတယ်။
တစ်ချိန်က ရေခဲတောင်ထိပ်မှာ မိမိနဲ့ မဒွယ်အဖွဲ့ဝင် (၆)ဦးဟာ (၃)ညနဲ့ (၄)ရက် တိုင်တိုင် အေးစက်နေတဲ့ ရေခဲထဲမှာ အနုတ် ၁၈ နဲ့ ၁၈ ဒီဂရီအကြားမှာ အစာရေစာ မရှိဘဲ ရှင်သန်နိုင်ဖို့အတွက် ကြိုးစားနေထိုင်ခဲ့ကြဖူးပါတယ်။
အဲဒီလို သေမင်း နဲ့ မျက်နှာချင်းဆိုင်နေရတဲ့အချိန်မှာ မိမိရဲ့အသက်ကို ကူညီကယ်ဆယ်ပေးခဲ့ကြတဲ့ ၄င်းအချိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ မိမိရဲ့ ဖခင်သဖွယ် လေးစားချစ်ခင်ရသော အဘအေး၊ အမေစန်း နေ့ရောညပါ ကူညီပေးခဲ့တဲ့ ကယ် ဆယ်ရေးအဖွဲ့ဝင် တပ်မတော်သားတွေ အားလုံးကို အထူးသဖြင့် မြန်မာ့တပ်မတော်သား အားလုံးတို့ကို ကျေးဇူးဆပ်ဖို့ အမြဲစဉ်း စားနေခဲ့ပါတယ်။ အခု ကလေး(၃)ယောက်ရဲ့ စွမ်းဆောင်မှုကြောင်း အောင်မြင်ခဲ့ပါပြီ။ အခုတော့ မိမိကြိုးစားမှုရဲ့ ရလာဒ်ကောင်းတစ်ခုကို မျက်ဝါးထင်ထင် မြင်ရပြီဖြစ်လို့ အင်မတန်မှ ပီတိဖြစ်မိပါတယ်။ မိမိလိုပဲ မြန်မာပြည်သူပြည်သားများနဲ့ တပ်မတော်သားအားလုံးကိုလည်း ပိတီဖြစ်စေလိုကြောင်း ပြောချင်ပါတယ်။
အခုလို နိုင်ငံနဲ့ လူမျိုးအတွက် ဂုဏ်ယူစရာ အောင်မြင်မှုရလာဒ်ကို ခံစားမိချိန်မှာ မိမိကို တောင်တက်အသင်းရဲ့ နာယကအဖြစ် ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့တဲ့ ကိုဇာနည်ဝင်းနဲ့ ဥက္ကဋ္ဌ ဒေါက်တာပိုင်စိုး၊ အတွင်းရေးမှူးကိုခင်မောင်နဲ့ မြန်မာနိုင်ငံတောင်တက် အသင်းဝင်အားလုံး၊ တောင်တက်အားကစား အဖွဲ့ဝင်အားလုံးကို လူငယ်တောင်တက်သမား (၃)ဦးရဲ့ အောင်မြင်မှုနဲ့အတူ ဂုဏ်ပြုပါကြောင်း ဖော်ပြလိုပါတယ်။
နောက်ထပ်ပြောလိုတာက ငယ်ရွယ်စဉ်အချိန်ကတည်း မိမိကို တပ်မတော်သားလို နေထိုင်တတ်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့ တဲ့ ကျေးဇူးရှင် ဖခင်ကြီးနဲ့ ယခုအသက်အရွယ်တိုင် စိတ်မချနိုင်ဖြစ်နေသေးတဲ့ ကျေးဇူးရှင်မိခင်ကြီး အမေအုန်းတို့ရဲ့ကျေးဇူးကိုလည်း အခုလိုနိုင်ငံနဲ့ လူမျိုးအတွက် ဂုဏ်ယူစရာအောင်မြင်မှုနဲ့ ပူဇော်ကျေးဇူးဆပ်ခြင်းပါပဲလို့ ဖော်ပြလိုပါတယ်။ တကယ်တော့ မိမိ ရဲ့ ဖခင်ကြီး ရှမ်းမြင့်ဆွေ(ဗိုလ်မှူးကြီးမြင့်ဆွေ) ဟာ တပ်မတော် သန္ဓေတည်ကတည်းကစလို့ တပ်မတော်အပေါ်မှာ သစ္စာတရား အပြည့်အ၀နဲ့ နေထိုင်ရှင်သန်ခဲ့သူပါပဲ။
မြန်မာနိုင်ငံတောင်တက်အားကစားသမိုင်းမှာ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်ကို မြန်မာတောင်တက်အဖွဲ့ ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့ပြီဆိုတဲ့ ၀မ်းမြောက်ပီတိဖြစ်စရာကို မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အားကစားအဖွဲ့ ချုပ်ရဲ့ နာယကအနေနဲ့ နိုင်ငံသားအားလုံးနဲ့အတူ ပျော်ရွှင်ကျေနပ် အားရမိပါတယ်။ မြန်မာ့ဂုဏ်ကို သက်စွန့်ကြိုးပမ်း ရွက်ဆောင်ခဲ့ကြတဲ့ လူငယ်တောင်တက်သမား သုံးဦးကိုလည်း ထူးခြားတဲ့ ဂုဏ်ပြုမှုတွေနဲ့ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
မိမိခံစားရတဲ့ ပျော်ရွင်မှုတွေရဲ့ တစ်ခြားဘက်စာမျက်နှာမှာတော့ ဆန့်ကျင်ဘက်တရားတွေလည်း ရှိနေခဲ့တာ အမှန်ပါပဲ။ တစ်ဘက်မှာ မြန်မာ့တောင်တက်သမိုင်းရဲ့ မှတ်တမ်းသစ်အတွက် ဖြစ်ရတဲ့ ပီတိက နိုင်ငံသားအားလုံးနဲ့ အတူ မျှဝေခံစားလိုတဲ့ ၀မ်းမြောက် ကြည်နူးစိတ်ကို ဖော်မပြတတ်အောင် ခံစားရစေပါတယ်။
မိမိဘ၀တွင် စီးပွားရေးကဏ္ဍ၊ အားကစားကဏ္ဍများ လုပ်ဆောင်ခဲ့ရာမှာ ကမ္ဘာ့အဆင့် အောင်မြင်ခဲ့တဲ့ သမိုင်းမှတ်တမ်း (၃)ခုကိုလည်း အများသိရှိရန် တင်ပြအပ်ပါတယ်။ ပထမတစ်ခုမှာ နေဗလ၀င်းမြင့်နဲ့ ယဉ်မေမျိုးတို့ အောင်မြင်ခဲ့တဲ့ World Junior Champion Golf ပြိုင်ပွဲ၊ ဒုတိယတစ်ခုမှာ ရန်ကုန်ယူနိုက်တက်အသင်း ကစားသမား (၅)ဦးထိ ပါဝင်ဆင်နွှဲခဲ့တဲ့ နယူးဇီလန် U-20 ကမ္ဘာ့ဖလားပြိုင်ပွဲ၊ တတိယတစ်ခုမှာ ယခု ဧ၀ရတ်တောင်ထိပ် တက်ရောက်နိုင်ခဲ့တဲ့ မှတ်တမ်း (၃)ခု ဖြစ်ပါတယ်။ ဒီလိုသမိုင်း မှတ်တမ်း ရေးထိုးနိုင်ဖို့ ကူညီခဲ့ကြသူများနဲ့ မိမိရဲ့ ထူးကုမ္ပဏီ ၀န်ထမ်းများ၊ Air Bagan နဲ့ AGD Bank တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
Credit To >>> U Tay Za

0 comments:

Post a Comment