19.5.16

အရှိန်အဟုန်နဲ့တိုးတက်လာဖွယ်ရှိတဲ့ မြန်မာ့ ခရီးသွားလုပ်ငန်း Oxfordbusinessgroup

ယခုနှစ် ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြား ခရီးသွားဦးရေ ၆ သန်းအထိ လာရောက်မယ်ဆိုပြီး ပြီးခဲ့တဲ့ မတ်လအတွင်းက ဟိုတယ်နဲ့ ခရီး
သွားလာရေး ၀န်ကြီးဌာနက ခန့်မှန်းထားပါတယ်။ ယင်း ပမာဏဟာ
ယမန်နှစ်က လာရောက်ခဲ့တဲ့ ခရီးသွားဦးရေ ၄ ဒသမ ၆၈ သန်း ထက်
၂၅ ရာခိုင်နှုန်း များပြားနေသလို ၂၀၁၀ ပြည့်နှစ်တုန်းက စုစုပေါင်း
လာရောက်ခဲ့တဲ့ ခရီးသွားဦးရေ ၈ သိန်းထက် ပိုမို များပြားနေတာကို
တွေ့ရပါတယ်။

ယမန်နှစ်တုန်းကတော့ ၀န်ကြီးဌာနက ကြိုတင်ခန့်မှန်းထားခဲ့တဲ့ ခရီး
သွားဦးရေ ၅ သန်း အမှန်တကယ် ပြည့်မီခဲ့ခြင်းမရှိပေမယ့်လည်း
ယခုနှစ်အတွက်ကတော့ တိုးတက်လာခဲ့တဲ့ နိုင်ငံရေးအခြေအနေနဲ့
စီးပွားရေးတည်ငြိမ်လာမှုတွေကြောင့် ခရီးသွားလုပ်ငန်းပိုင်းမှာ တိုးတက်အားကောင်းလာနိုင်မယ်လို့ လုပ်ငန်းပိုင်းက တာဝန်ရှိသူတွေက ခန့်မှန်း
နေကြတာဖြစ်ပါတယ်။

မှန်တကယ်တမ်းဆိုရင် နိုင်ငံတစ်နိုင်ငံမှာ ခရီးသွားလုပ်ငန်းက အဓိက စီးပွားရေးမောင်းနှင်အင်အားတစ်ရပ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ခရီးသွားလုပ်ငန်းဟာ နိုင်ငံ့ စီးပွားရေး
ရဲ့ အဓိက မောင်းနှင်အားတစ်ရပ်ဖြစ်လာခဲ့ပြီလို့လည်း အာရှ ဖွံ့ဖြိုးရေး
ဘဏ် ADB က ထုတ်ဖော်ပြောကြားထားတာကိုလည်း တွေ့နိုင်ပါလိမ့်မယ်။
အဆိုပါ ဘဏ်ရဲ့ တင်ပြချက်အရတော့ ယမန်နှစ်က နိုင်ငံတွင်းကို ပြည်
ပခရီးသွားလာရောက်မှုတိုးတက်လာတာနဲ့အတူ ခရီးသွားလုပ်ငန်းက
ရတဲ့ ၀င်ငွေကလည်း ၁၉ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
ယမန်နှစ်တုန်းက ခရီးသွားလုပ်ငန်းကနေ ၀င်ငွေ ဒေါ်လာ ၂ ဒသမ ၁
ဘီလီယံ ရရှိခဲ့ပြီးတော့ နိုင်ငံ့ ဂျီဒီပီရဲ့ ၄ ရာခိုင်နှုန်းကျော်အထိ ထည့်ဝင်
ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။`
အလားတူ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း၊ ပို့ကုန် အရင်းအမြစ်တွေနဲ့ ဆောက်
လုပ်ရေးလုပ်ငန်းတွေက စီးပွားရေးတိုးတက်နိုင်မှုအတွက် ဦးဆောင် စွမ်းအားရင်းမြစ်တွေဖြစ်လာကြမယ်လို့ ADB ဘဏ်က ခန့်မှန်းထားပါတယ်။
ယင်းလုပ်ငန်းကဏ္ဍတွေမှာ တိုးတက်ပြန့်ကားလာမှုကြောင့် ၂၀၁၆ ခုနှစ်
နိုင်ငံရဲ့ မျှော်မှန်း ဂျီဒီပီ ကို ၈ ဒသမ ၄ ရာခိုင်နှုန်း နဲ့ ၂၀၁၇ မျှော်မှန်း ဂျီဒီပီ ကို ၈ ဒသမ ၃ ရာခိုင်နှုန်း စီ အသီးသီး ပိုမိုတိုးတက်သွားစေနိုင်မယ်လို့
လည်း ခန့်မှန်းရပါတယ်။
တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ ခရီးသွားလုပ်ငန်း ကောင်စီ WTTC ကလည်း
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ ကာလတိုအတွင်းမှာပဲ အလားအလာကောင်းတွေ အများကြီးမြင်တွေ့နေရတယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ ကာလရှည်တိုးတက်နိုင်မှုအနေနဲ့ လာမယ့် ဆယ်နှစ်အတွင်းမှာ မြန်မာ
နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက နိုင်ငံပေါင်း ၁၈၄ နိုင်ငံအနက် ဒုတိယနေရာအထိ တိုးတက်ရောက်ရှိသွားနိုင်မယ်လို့ WTTC က ခန့်မှန်းထားပါတယ်။
ယင်းအပြင် ၂၀၁၆ မှာလည်း ကမ္ဘာလုံးအတိုင်းအတာနဲ့ မြန်မာနိုင်ငံဟာ
ခရီးသွားလုပ်ငန်းကဏ္ဍမှာ အဆင့် ၁၅ နေရာမှာ တိုးတက်ရပ်တည်နိုင်
မယ်လို့ WTTC က ခန့်မှန်းပါတယ်။
၂၀၁၆ ခုနှစ် နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းပိုင်းကို ဆက်လက်ခန့်မှန်းသွားရာ
မှာတော့ နိုင်ငံရဲ့ ဂျီဒီပီအပေါ်မှာ ယင်းလုပ်ငန်းကဏ္ဍရဲ့ ထည့်ဝင်နိုင်မှုဟာ
ဆိုရင် ယခုနှစ်မှာ ၅ ဒသမ ၉ ရာခိုင်နှုန်းနဲ့ တိုးမြင့်ထည့်ဝင်နိုင်မှာဖြစ်
သလို လာမယ့် ၂၀၂၆ ခုနှစ်ထိ တစ်နှစ်လျင် ၇ ဒသမ ၈ ရာခိုင်နှုန်းစီနဲ့
ထပ်မံ ကူညီဖြည့်ဆည်းပေးသွားနိုင်မှာဖြစ်တယ်လို့ WTTC က ခန့်မှန်း
ထားပါတယ်။
ယင်း ခန့်မှန်းချက်တွေအရတော့ ခရီးသွားလုပ်ငန်းရဲ့ ဂျီဒီပီအပေါ် ထည့်
ဝင်နိုင်မှုက ပျမ်းမျှ ၆ ဒသမ ၅ ရာခိုင်နှုန်းလို့ ယူဆနိုင်ပြီးတော့ တစ်ချိန်
တည်းမှာပဲ ခရီးသွားလုပ်ငန်းမှာ အလုပ်အကိုင်ခန့်ထားနိုင်မှုပိုင်းမှာလည်း ၂၀၁၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ အလုပ်သမားဝန်ထမ်းဦးရေပေါင်း
၂ ဒသမ ၁ သန်းအထိ ၆၆ ရာခိုင်နှုန်း တိုးတက်သွားမယ်လို့ ခန့်မှန်း
ရပါတယ်။
လက်ရှိ အချိန်မှာ နိုင်ငံတကာ ဈေးကွက်တွေကို ဖွင့်လှစ်တက်လှမ်းနေ
သလို ခရီးသွားလုပ်ငန်းပိုင်းမှာ ကမ်းလှမ်းချက်အသစ်တွေကြောင့် ပြည်ပ
ခရီးသွားလာရောက်မှု တိုးတက်လာနိုင်မှာဖြစ်သလို တစ်ချိန်တည်းမှာပဲ
အဲဒီလို အရှိန်အဟုန်နဲ့ မြန်မြန်ဆန်ဆန် တိုးတက်လာမှုက အခြေခံအဆောက်အအုံ ကဏ္ဍတိုးတက်မှုထက်တောင် ကျော်တက်သွားနိုင်တယ်လို့ ADVENTURE MYANMAR GROUP မှ ဥက္ကဌ ဦးအောင်မျိုးမင်းဒင်က
ပြောကြာသွားပါတယ်။
နိုင်ငံတကာခရီးသွား တွေကြိုက်နှစ်သက်တဲ့ လည်ပတ်စရာနေရာ ပေါင်းများစွာရှိနေတာကြောင့် လာရောက်သူဦးရေက လတ်တလော နှစ်အနည်းငယ်အတွင်းမှာ သိသိသာသတိုးတက်လာနေ တယ်လို့ သူက OBG ကိုပြောပါတယ်။ ဒါပေမဲ့ အခုလိုရုတ်တရက် များပြားလာမှုက အခြေခံအဆောက်အဦလိုအပ်မှုတွေအပေါ်မှာ ဖိအားတွေတိုးလာစေပါတယ်၊ ဥပမာ လေယာဉ်ကွင်းတွေပေါ့လို့ သူကဆက်ပြောပါတယ်။
နိုင်ငံခြားသားခရီးသွားဦးရေ၀င်ရောက်မှုများပြားလာတာနဲ့ အမျှ လေကြောင်းလိုင်းတွေဟာလည်းနိုင်ငံခြားခရီးစဉ်တွေကို ပိုမိုပြေးဆွဲလာကြပြီးတော့ အခုဆိုင် နိုင်ငံခြားလေကြောင်းလိုင်း ၂၄ ခု ဟာလည်း နိုင်ငံတွင်းမှာပြေးဆွဲနေပြီဖြစ်ပါတယ်။ HK Express နဲ့ Thai Lion Air တို့လည်းမကြာမီမှာ
မြန်မာနိုင်ငံမှာဝင်ရောက်ပြေးဆွဲတော့မှာဖြစ်တယ်လို့ပြောပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment