26.1.17

၂၀၂၅ မတိုင်ခင် ကမ္ဘာ့ခရီးသွားဈေးကွက်တန်ဖိုး ဒေါ်လာ ၁၁,၃၈၂ ဘီလီယံထိ ရှိလာနိုင်

Image may contain: 1 person, standing, sky and outdoor
လာမယ့် ၂၀၂၅ ခုနှစ် မတိုင်ခင် ကမ္ဘာ့ ခရီးသွားလုပ်ငန်းပိုင်းမှာအရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်တိုးတက်ကြီးထွားလာဖို့ရှိနေပြီး ဆယ်နှစ်တာနီးပါးအတွင်း ဈေးကွက်တန်ဖိုးဒေါ်လာ ၁၁,၃၈၂ ဘီလီယံထိ မြင့်တက်သွားနိုင်တယ်လို့ ဆိုပါတယ်။အဆိုပါ ခန့်မှန်းချက်ကိုတော့ ဈေးကွက်သုတေသနနဲ့ အတိုင်ပင်ခံကုမ္ပဏီ Research Nester က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအတွင်းမှာ တစ်နှစ်ထက်တစ်နှစ်တိုးတက်မှုနှုန်း ၃ ဒသမ ၉ ရာခိုင်နှုန်း ရှိနိုင်ပြီး ၂၀၂၅ မတိုင်ခင်ကမ္ဘာ့ ဂျီဒီပီ ရဲ့ ၁၀ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ညီမျှနိုင်တယ်လို့လည်းယင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဥရောပဒေသ ခရီးသွားလုပ်ငန်းကို ကြည့်ရင်လည်း စပိန်၊ အီတလီ၊ ဂျာမနီ နဲ့ ဗြိတိန်တို့လို နိုင်ငံတွေမှာ ခရီးသွားဝင်ရောက်မှု သိသိသာသာ တိုးတက်ဖို့ရှိနေပြီး ယင်းကနေတဆင့် ဒေသတစ်ခုလုံးရဲ့ လုပ်ငန်းပိုင်းကို များစွာထောက်ကူနိုင်မယ်လို့ ဆိုပါတယ်။မြောက်အမေရိက တိုက်ဘက်မှာဆိုရင်လည်း အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းက ခရီးသွားလုပ်ငန်းတန်ဖိုး ဒေါ်လာ ၁,၂၁၈ ဘီလီယံ ရှိနေတယ်လို့ သိရပါတယ်။တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ကတော့ အာရှ-ပစိဖိတ်ဒေသကကမ္ဘာ့ခရီးသွား ဂျီဒီပီရဲ့ ၉ ဒသမ ၄ ရာခိုင်နှုန်း ရှိမယ်လို့ သိရပါတယ်။ ၂၀၁၅-၂၀၂၁ ကြားကာလမှာ လုပ်ငန်းအတင်း အမြင့်ဆုံး အတိုင်းအတာကို ရောက်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

စီးပွားရေးအားကောင်းလာနေမှု၊ ၀င်ငွေအချိုးအစားမြင့်မားလာမှု နဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးလာမှုတွေကြောင့် ဈေးကွက်ကို ကောင်းစွာထောက်ကူနိုင်လိမ့်မယ်လို့လည်း သိရပါတယ်။ အာရှ-ပစိဖိတ်ဒေသတစ်လုံးအနေနဲ့ ၂၀၂၀ အရောက်မှာတော့ ခရီးသွား၅၀၂ သန်း ဖိတ်ခေါ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment