27.1.17

ဆိုင်ကယ်စီးကမ္ဘာလှည့်ခရီးသွားဧည့်သည်များ နယ်စပ်ဖြတ်ကျော် ခရီးစဉ်များဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် လည်ပတ်လျက်ရှိ

Image may contain: cloud, motorcycle, sky and outdoor
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊Golden Orbit In’t Travel & Tours Co.,Ltd. ၏ စီစဉ်ဆောင် ရွက်မှုဖြင့်
ဗြိတိန်နိုင်ငံမှ ခရီးသွားဧည့်သည် ၁၇ ဦးတို့သည် ၄င်း တို့၏ကိုယ်ပိုင်မော်တော်ဆိုင်ကယ် ၁၆ စီးဖြင့် ဇန်နဝါရီ ၁ဝ ရက် က မြဝတီနယ်စပ်ဂိတ်မှ ဝင်ရောက် လာပြီး မြဝတီ- ဘားအံ- ကျိုက်ထို- နေပြည်တော်- ပုဂံ- မန္တလေး- ညောင်ရွှေ- အင်းလေး- လွိုင်ကော်- တောင်ငူ- မြဝတီဒေသများရှိ သဘာဝရှုခင်းများနှင့် ထင်ရှားသောနေရာများအား ကြည့်ရှုလေ့လာခံစားရင်း ဇန်နဝါရီ ၁၉ ရက်တွင် မြဝတီမြို့မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွား ခဲ့သည်။

ထို့အတူOsuga Myanmar Travel & Tour Co.,Ltd.၏ စီစဉ်မှုဖြင့် တူရကီနိုင်ငံမှ ခရီးသွားဧည့်သည် တစ်ဦး သည် ဇန်နဝါရီ ၁၂ ရက်က ၄င်းတို့၏မော်တော်ဆိုင်ကယ်ဖြင့် ရန်ကုန်- ကျိုက်ထီးရိုး- ဘားအံ- မော် လမြိုင်- မြဝတီဒေသများရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် ထင်ရှားသောနေရာ များအားလေ့လာ၍ ဇန်နဝါရီ ၁၆ရက်တွင် ထိုင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ နိုင်ငံ၏ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ ဝင်ရောက် လည်ပတ်မှုအဆင်ပြေ ချောမွေ့စေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက် လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ သာယာ လှပသော ရေမြေ တောတောင်သဘာဝအလှအပများနှင့် သမိုင်းကြောင်း ခိုင်မာ သော ယဉ်ကျေးမှုအနုပညာ လက်ရာများ၊ ဧည့်ဝတ်ပျူငှာမှုများ၊ တိုင်းရင်းသားမျိုးစုံတို့၏ စိတ်ဝင်စားဖွယ်ရာ ဓလေ့စရိုက် များ ကြောင့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များအနေဖြင့် မြန်မာ နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ယာဉ်တန်းခရီးစဉ်များဖြင့် စိတ်ဝင် တစား လာရောက်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိ သည်။ 


Credit To >>>  MOI Webportal Myanmar

0 comments:

Post a Comment