22.8.13

စိတ်ကြွရူးသွပ်ဆေးများပြား ဖမ်းဆီးရမိ

ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မုံရွာမြို့ နန္ဒာဝန်ရပ်ကွက် သုဗောဓာရုံ ကျောင်းတိုက်ရှေ့ ဗိုလ်တေဇလမ်းတွင် မုံရွာမြို့ မြ၀တီ ရပ်နေ ကိုကိုဇော် (ခ)မောင်ကို (၃၉)နှစ် မောင်းနှင်ပြီး
ထီးချိုင့်မြို့နယ် မြတောင်ရွာ နေသူ များဖြစ် သည့် နောင်နောင်(၃၃)နှစ်နှင့် ကျော်ဆန်းဝင်း(၃၅)နှစ်တို့ လိုက်ပါလာသော ဆိုင်ကယ်အားရှာဖွေရာ နောင်နောင်ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၅၉၀ နှင့် ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ သုံးဦးအား အမှုဖွင့်အရေးယူထားသည်။

ထို့အတူ ညပိုင်းတွင် တောင်ကြီးမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် နမ့်စန်မြို့နယ် နမ့်စန်-မိုင်းစိတ် ကျေးရွာသွား လမ်းတွင် နမ့်စန်မြို့ ရပ်ကွက် (၂)နေ ထိန်လင်းမောင်(ခ) ပီးတူ (၃၁)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ ပြားအား သိမ်း ဆည်း ရမိသဖြင့် ထိန်လင်းမောင်(ခ) ပီးတူအား နမ့်စန်မြို့ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်

0 comments:

Post a Comment