22.8.13

သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ စောင့်ရှောက်

ကရင်ပြည်နယ် ဘားအံမြို့တွင် ဩဂုတ် ၂၂ ရက် ညနေ ၆ နာရီခွဲ အချိန် တိုင်းထွာချက်များအရ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ကျော် လွန်၍ ၈၆၀ စင်တီ မီတာသို့ ရောက် ရှိနေရာ ဘားအံမြို့တွင်း ရပ်ကွက် အနိမ့်ပိုင်းရှိ နေအိမ်များ ရေနစ်မြုပ် ၍ ပြည်သူများ ရေဘေးကယ်ဆယ် ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင် ခဲ့ရသည်။


ဘားအံမြို့ နယ်တွင် ရေဘေး ကယ်ဆယ်ရေးစခန်း ၁၂ ခု ဖွင့်လှစ် ထားရှိပြီး ယင်းစခန်း များရှိ ရေဘေး သင့်ပြည်သူများ၏ စားဝတ်နေရေး လိုအပ်ချက် ကျန်းမာရေးေ စာင့် ရှောက်မှု များကို ပြည်နယ်အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းကယ်ဆယ်ရေးစခန်းဖွင့်လှစ် ထားရှိသည့် ကြားတောရဘုန်းတော် ကြီးကျောင်း၊ ပြည်နယ် ပုံနှိပ်တိုက်၊ မိုးလုံလေလုံ အားကစားရုံ၊ ပြည်နယ် ကမ္မဋ္ဌာန်းကျောင်းနှင့် ရွှေယဉ်မျှော် ဘုရား ရှိ ရေဘေးသင့်ပြည်သူများ ထံသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း သည် ဩဂုတ် ၂၂ ရက် ညနေ ၆ နာရီက သွားရောက်အားပေးစကား ပြောကြားကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။

ပြည်နယ် ဝန်ကြီးချုပ်သည် ဘားအံမြို့ အမှတ် (၅)ရပ်ကွက် သီရိရတနာလမ်းတွင် ရေ ဝင်ရောက် နစ်မြုပ်နေမှုကိုလည်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။ ဘားအံမြို့နယ် ရှိ ရေဘေးကယ် ဆယ်ရေးစခန်း ၁၂ ခုတွင် ရေဘေး သင့်ပြည်သူ အိမ်ထောင်စု ၁၃၉၆ စု လူဦးရေစုစုပေါင်း ၇၃၃၆ ဦး၊ လှိုင်းဘွဲမြို့နယ်အတွင်း ရေဘေး ကယ်ဆယ်ရေးစခန်း ၁၄ ခုတွင် အိမ် ထောင်စု ၅၁၅ စု လူဦးရေ ၂၂၇၀ တို့အား စားသောက်ရေး၊ ကျန်းမာ ရေး စောင့်ရှောက်ပေးလျက်ရှိ ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်

0 comments:

Post a Comment