22.8.13

မီးသင်္ဂြိုလ်စက်သိမ်းမည့်ကိစ္စကြောင့် စည်ပင်နှင့်မြို့မိမြို့ဖများတွေ့ဆုံ

မိုးညှင်းမြို့တွင် မီးသင်္ဂြိုလ်စက်အား စည်ပင်ကသိမ်းတော့မည်ဟူသော သတင်းအရ ပြည်သူများက ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်နေကြအတွက် ဖြေ ရှင်းနိုင်ရန် ဇေယျသုခ၀ါဆိုကျောင်း၌မြို့နယ်စည်ပင်သာယာမှ အမှုဆောင်အရာရှိ ဦးလှမိုး၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်စိုးမိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ယုတို့နှင့် မြို့မိမြို့ဖ(၂၀)ကျော်တို့က သြဂုတ်လ
၂၂ရက်နေ့တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြိုနယ်စည်ပင်သာယာရေးအဖွဲ့မှ ကြော်ငြာစာအမှတ်(၁၁/၂၀၀၁၃)ဖြင့် အများသိစေရန်ကြေညာခဲ့သည့်စာသည် မြို့နယ် စီမံခန့်ခွဲရေး ကော်မီတီ၏ လုပ်ငန်းညှိနှိုင်း အစည်းဝေးဆုံးဖြတ်ချက်သာဖြစ်တယ်။ ပြည်သူက ကန့်ကွက်ခွင့်ရှိပါတယ်။ (၁၅)ရက်အတွင်း ကန့်ကွက် နိုင်ပါတယ်။ စည်ပင်(ByLaws)အရစည်းစနစ် ရှိစေချင်လို့စည်ပင်မှ သာသုသာန်ကိစ္စ ကိုင်တွယ်ရမှာ ဖြစ်တယ်။ လူထုအင်အားနဲ့ တစ်ပိုင်းဌာနကတစ်ပိုင်း ၀ိုင်း၍ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါတယ်။ အုတ်ဂူများပြည့်ပြီး မြေနေရာရှားသွားမှာစိုးလို့ မီးသင်္ဂြိုလ်စက်ကိုသာ အသုံးပြုစေချင်လို့ မြေမြုတ်ရင်(၃)သိန်းကျပ်၊ အုတ်ဂူတည်ရင်(၅)သိန်းကျပ်၊ မီးသင်္ဂြိုလ်လျှင်၃၀၀၀၀ကျပ် တောင်းခံတာပါ”ဟ စည်ပင်သာယာအမှုဆောင် အရာရှိ ဦးလှမိုးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြို့မိမြို့ဖဦးဝင်းမြင့်ဦးက လူသေအလောင်းတစ်လောင်း မီးသင်္ဂြိုလ်လျှင် ၃၀၀၀၀ကျပ် မကောက်သင့်ကြောင်း၊ အလှူရှင်များစေတနာပျက်သွားမည် စိုးရိမ်ရကြောင်း ပြောသည်။

သံဃနာယက ဆရာတော် ဘဒ္ဒစန္ဒိမာဦးစီး၍ သံဃာတော်များသည် ဆင်းရဲသားပြည်သူများ၏ လူမှုဘ၀နာရေးများကို စာနာသောအားဖြင့် နာရေးတွင် မဆင်းရဲကြစေရန် ရည်ရွယ်မီးသင်္ဂြိုလ်စက်ကိုတည်ဆောက် ခဲ့ကြောင်း၊ ပြည်သူများထံအလှူရှင်များ ရှာဖွေကာ နာရေးအတွက် ကား(၃)စီးနှင့် သံဃာတော်များ စီးရန်ကား(၁)စီးတိုကို ၀ယ်ယူ၍ သေဆုံးသူအလောင်းများမီးသင်္ဂြိုလ်ရန် မီးသင်္ဂြိုလ်စက်သို့အခမဲ့ ပို့ဆောင်ကာမီးသင်္ဂြိုလ်ပေးနေသည်မှာ(၆)လကျော် ရှိနေကြောင်းတို့ကို သြ၀ါဒတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။

ဆရာတော်များ ဦးဆောင်၍ စည်ပင်နှင့် ညှိနှိုင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့် အချိန်ကာလ သတ်မှတ်၍ ဆရာတော်များ မဆောင်ရွက်နိုင်သည့် အချိန်ရောက်မှ စည်ပင်ကို လွဲအပ်သင့်ကြောင်းဒေါ်ခင်ချိုချိုက ပြောသည်။

ဆရာတော်အရှင်စန္ဒောဘာသက “စည်ပင်သာယာမှ တာဝန်ယူကိုင်တွယ်လျှင် အလှူရှင်များလှူကြမှာမဟုတ်ဘူး။ သံဃာတော်တွေ ဦးဆောင်လုပ်နေလို့ အလှူရှင်တွေရှိနေတာ။ ၁.၃.၂၀၁၃နေ့က စခဲ့တာ(၆)လကျော်နေပြီ။ ရေရှည်မတည်တန့်မှာ မစိုးရိမ်ပါနဲ့ အလောင်း မီးသင်္ဂြိုလ်တဲ့ ပိုင်ရှင်တွေကို အခကြေးငွေလုံးဝ မကောက်စေချင်ဘူး”ဟုမိန့်ခဲ့သည်။

မြို့မိမြို့ဖများက ကြော်ငြာစာအမှတ်(၁၁/၂၀၀၁၃)တွင် ပါရှိသောအချက်(ဂ) မီးသင်္ဂြိုလ်လျှင် ငွေ၃၀၀၀၀ကျပ် ပေးဆာင်ရမည် (ဃ)အရိုးဂူတည် လျှင်၂၀၀၀၀ကျပ် ပေးဆောင်ရမည်ဟူသော အချက်နှစ်ချက် ကို ငွေလုံးဝမပေးဆောင်ရေးအတွက် ကန့်ကွက်ရန် သဘောတူဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

သီဟ(ကချင်)
The Myanmar Age

0 comments:

Post a Comment