22.8.13

ရန်ကုန်တိုင်း ဒေသကြီးတွင် တစ်ရက်အတွင်း ယာဉ်တိုက်မှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိ

ရန်ကုန်တိုင်း ဒေသကြီးတွင် သြဂုတ် ၂၂ ရက် တစ်ရက်တည်းမှာပင် ယာဉ်တိုက်မှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်များမှာ ည ၁၁ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်းအတိုင်း ယာဉ်မောင်း

(စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်သည် ဝေဇယန္တာလမ်းနှင့် ပါရမီလမ်းအတိုင်း မောင်းနှင်လာခဲ့ပြီး မျက်နှာချင်းဆိုင်ဘက်မှ မောင်းနှင်လာသော ဆိုင်ကယ် မောင်းနှင်သူ(စုံစမ်းဆဲ)အား မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ် မောင်းနှင်သူတွင် ပါး၊ ဒူး၊ နှာခေါင်း၊ ဦးခေါင်းတို့တွင် ဒဏ်ရာများ ရရှိကာ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် တင်ပို့ ကုသခဲ့ရသည့်ဖြစ်စဉ်၊ ရွှေပြည်သာမြို့နယ် နံနက် ခုနစ်နာရီခန့်တွင် လှော်ကားဈေးပိုင်း ရပ်ကွက်သို့ ရွှေပြည်သာမြို့နယ်နေသူ တင်ဝင်း (ခ) ကုလားစိန် (၄၆) နှစ် မောင်းနှင်လာသော ဟီးနိုးရိန်းဂျား (အငှား) ယာဉ်သည် စက်မှုလမ်းသွယ်မှ ၀ါးတစ်ရာ လမ်းမပေါ်သို့ မောင်းထွက်လာစဉ် တစ်ဖက်မှ မောင်းနှင်လာ သော (၈၅) သန်မြန်သူယာဉ်အား ၀င်တိုက်မိပြီး ခရီးသည် ၁၄ ဦး ဒဏ်ရာများ ရရှိခဲ့သည့် ဖြစ်စဉ်၊ ကမာရွတ်မြို့နယ်တွင် မွန်းလွဲ ၁ နာရီခန့်တွင် ကမာရွတ်မြို့နယ်နေသူ ကျော်စိုးဟန် (၁၈) နှစ် မောင်းနှင်လာသော မတ်တူးယာဉ်က အင်းယားလမ်းအတိုင်း မောင်းနှင်လာရာမှ ဂကွေ့ကွေ့စဉ် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင် မောင်းနှင်လာသည့် ဟိုက်ဂျက် အဖြူရောင်ယာဉ်နှင့် တိုက်မိခဲ့သည့် ဖြစ်စဉ်၊ ဆိပ်ကမ်းမြို့နယ်တွင် နံနက် ၁၀ နာရီခန့်က မော်တင်ရပ်ကွက်၊ ကမ်းနားလမ်း ကွန်ကရစ် လမ်းအတိုင်း မော်တင်ဘက်သို့ ယာဉ်မောင်းနိုင်အေး(၃၈) နှစ် မောင်းနှင်လာသည့် ကွန်တိန်နာ အငှားယာဉ်က ပန်းဆိုးတန်း ကွန်ကရစ် မီးပွိုင့်တွင် လမ်းဖြတ်ကူးသူ တစ်ဦးအား တိုက်မိကာ ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခဲ့ရသည့် ဖြစ်စဉ်၊ စမ်းချောင်းမြို့နယ်တွင် မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်လမ်းအတိုင်း မောင်းနှင်လာသော ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်သည် မြေနီကုန်းလမ်းဆုံ၊ ပဒုမ္မာပန်းခြံ ရှေ့အရောက် လမ်းဖြတ်ကူးသည့် အဘိုးအို တစ်ယောက်အား တိုက်မိကာ နာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံကြီးတွင် ဆေးကုသ နေရသည့်ဖြစ်စဉ်၊ တာမွေမြို့နယ်တွင် ည ၇ နာရီခန့်တွင် ဦးချစ်မောင် လမ်းအတိုင်း မလွှကုန်း ဌေးကြွယ်ရပ်ကွက်နေ သိန်းထွန်း (၅၅) နှစ် မောင်းနှင်လာသော မာဇဒါဒိုမီနို အငှားယာဉ်မှာ မြလမ်းမှတ်တိုင် အရောက်တွင် လမ်းဖြတ်ကူးသူ တစ်ဦးအား ၀င်ရောက်တိုက်မိပြီး ဒဏ်ရာများရရှိကာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် ဖြစ်စဉ်နှင့် လမ်းမတော်မြို့နယ်တွင် ည ၁၁ နာရီခန့်တွင် ၆ ရပ်ကွက်၊ ဘုန်းကြီးလမ်း ရိုးမဘဏ်ရှေ့သို့ ယာဉ်မောင်း (စုံစမ်း ဆဲ) မောင်းနှင်လာသောယာဉ်မှ လမ်းဖြတ်ကူးသူအား ၀င်ရောက်တိုက်မိကာ သေဆုံးသွား ခဲ့သည့် ဖြစ်စဉ်များ ဖြစ်သည်။

Eleven Media Group

ဇူလိုင် ၃၀ ရက်က ကျောက်တံတား မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ်တစ်ခု (ဓာတ်ပုံ-အောင်မျိုးသန့်)

0 comments:

Post a Comment